သရက်မြို့၏ နှမ်းဈေးနှုန်းဈေးကွက်အခြေအနေ

Powered by Drupal

   မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ သရက်မြို့နယ်အတွင်းရှိ ပတ်ဝန်းကျင်ကျေးရွာများဖြစ်သော မုံဇလီ၊ ကိုးပင်၊ မှန်ဒင်း၊ ရေဗွက်၊ တောမွန်၊ သရက်မြင့်၊ လုံးထော်စသည့် ကျေးရွာများမှ နှမ်းသီးနှံများ အသစ်ထွက်ရှိပြီး နေ့စဉ် သရက်မြို့ သို့လာရောက်ရောင်းချလျက်ရှိကြောင်း ပွဲရုံကုန်သည်လုပ်ငန်းရှင်များထံမှ သိရှိရပါသည်။

    နှမ်းဈေးနှုန်းဈေးကွက်အနေဖြင့် ၂၀၂၄ခုနှစ်၊ သြဂုတ်လ(တတိယပတ်)တွင် နှမ်းနက် (၁)တင်းလျှင် ကျပ်(၁၆၀၀၀၀-၁၇၀၀၀၀) နှမ်းနီ(၁)တင်းလျှင် ကျပ်(၁၃၀၀၀၀)ဖြစ်၍ ယခင် (ဒုတိယပတ်)ထက် ယခုတစ်ပတ်တွင် နှမ်းနက်(၁)တင်းလျှင် ကျပ်(၃၀၀၀၀-၄၀၀၀၀) နှမ်းနီ(၁) တင်းလျှင် ကျပ်(၂၀၀၀၀)ဈေးနှုန်းမြင့်တက်ခဲ့ကြောင်း၊ ယခုရာသီအချိန်သည် နှမ်းသီးနှံအသစ်များ ထွက်ရှိနေပြီဖြစ်သောကြောင့် နေ့စဉ် သရက်မြို့သို့ တင်း(၃၀)မှ(၅၀)ထိ ဝင်ရောက်လျက်ရှိကြောင်း ပွဲရုံလုပ်ငန်းရှင်တစ်ဦးထံမှ သိရှိရပါသည်။

DOCA(မကွေး)