အောင်လံကုန်စည်ဒိုင်၏ သီးနှံမျိုးစုံဈေးနှုန်းများနှင့် အရောင်းအဝယ်ဖြစ်မှုအခြေအနေ

Powered by Drupal

        မကွေးတိုင်းဒေသကြီး၊ အောင်လံမြို့၊ အောင်လံကုန်စည်ဒိုင်သည် အောင်လံမြို့နှင့် သရက်မြို့တို့မှ ထွက်ရှိသည့် သီးနှံများ နေ့စဉ်အရောင်းအဝယ်ပြုလုပ်သည့် ကုန်စည်ဒိုင်တစ်ခု ဖြစ်ပါ သည်။

နှမ်းသီးနှံဈေးနှုန်း၊ ဈေးကွက်အခြေအနေ

      အောင်လံကုန်စည်ဒိုင်တွင် နှမ်းသီးနှံသည် ၂၀၂၄ခုနှစ်၊ သြဂုတ်လ(ဒုတိယပတ်)အတွင်းမှ စတင်၍ နှမ်းသီးနှံအသစ်များထွက်ရှိနေပြီး သီးနှံအဟောင်းများနှင့်အတူ ယခု(တတိယပတ်)အတွင်း တွင် အရောင်းအဝယ်များဖြစ်လျက်ရှိပါသည်။

      နှမ်းနက်စမုံမှာ (ဒုတိယပတ်)တွင် (၁)တင်းလျှင် ကျပ်(၁၅၀၀၀၀ မှ ၁၇၃၅၀၀)အထိ ဈေးနှုန်း ရှိခဲ့ပြီး (တတိယပတ်)အတွင်းတွင် (၁)တင်းလျှင် ကျပ်(၁၆၃၅၀၀ မှ ၁၇၆၅၀၀) အထိ ရှိခဲ့၍ (၁)တင်း လျှင် ကျပ်(၃၀၀၀မှ ၁၃၅၀၀)အထိ ဈေးနှုန်းအမြင့်ဖြင့် တင်းရေ(၁၀၅၀၀)တင်း တန်အနေဖြင့် (၂၅၇.၂)တန် အရောင်းအဝယ်ရှိခဲ့ပါသည်။

    နှမ်းနီမှာ (ဒုတိယပတ်)တွင် (၁)တင်းလျှင် ကျပ်(၁၂၀၀၀၀ မှ ၁၂၃၅၀၀)အထိ ဈေးနှုန်းရှိခဲ့ပြီး (တတိယပတ်)အတွင်းတွင် (၁)တင်းလျှင် ကျပ်(၁၂၃၅၀၀ မှ ၁၂၆၅၀၀) အထိ ရှိခဲ့၍ (၁)တင်းလျှင် ကျပ် (၃၀၀၀မှ ၃၅၀၀)အထိ ဈေးနှုန်းအမြင့်ဖြင့် တင်းရေ(၉၀၀)တင်း၊ တန်အနေဖြင့် (၂၂)တန် အရောင်း အဝယ် ရှိခဲ့ပါသည်။

ပဲမျိုးစုံသီးနှံဈေးနှုန်း၊ ဈေးကွက်အခြေအနေ

     မတ်ပဲမှာ (ဒုတိယပတ်)အတွင်းတွင် (၁)တင်းလျှင် အနိမ့်ဈေး ကျပ်(၁၀၉၀၀၀) အမြင့်ဈေး ကျပ်(၁၂၃၀၀၀)ဈေးနှုန်းရှိခဲ့ပြီး (တတိယပတ်)အတွင်းတွင် (၁)တင်းလျှင် ကျပ်(၁၁၈၀၀၀မှ ၁၂၀၀၀၀) ရှိခဲ့၍ (၁)တင်းလျှင် အနိမ့်ဈေး ကျပ်(၉၀၀၀)ဈေးနှုန်းဖြင့် ဝယ်သိုကုန်သည်များမှ တင်း(၂၇၀၀)ခန့် အရောင်းအဝယ်ရှိခဲ့ပါသည်။

   ပဲစဉ်းငုံနီကို ဝယ်သိုကုန်သည်များမှ အရောင်းအဝယ်ဖြစ်လျက်ရှိရာ (ဒုတိယပတ်) တွင်(၁) တင်းလျှင် ကျပ်(၁၄၃၈၀၀မှ ၁၅၀၀၀၀)ထိရှိခဲ့ပြီး (တတိယပတ်)တွင် (၁)တင်းလျှင် ကျပ်(၁၄၈၀၀၀မှ ၁၄၉၄၀၀)ထိရှိခဲ့၍ ဈေးနှုန်းမှာ အနိမ့်ဈေးတွင် (၁)တင်းလျှင်ကျပ် (၄၂၀၀) မြင့်တက်ခဲ့ပြီး အမြင့်ဈေး အ‌နေဖြင့် ကွာဟမှုအနည်းငယ်မျှသာရှိခဲ့ပါသည်။ ဝယ်သိုကုန်သည်များမှ (တတိယပတ်) အတွင်းတွင် ပဲစဉ်းငုံနီ (၂၆၂၅)တင်းခန့် အရောင်းအဝယ်ရှိခဲ့ပါသည်။

    ပဲတီစိမ်းသီးနှံမှာ သီးနှံအသစ်များစတင် ထွက်ရှိလျက်ရှိပြီး မိုးအနည်းငယ်ရွာသွန်းမှုကြောင့် စိုစွတ်သီးနှံများကို (ဒုတိယပတ်)မှ(တတိယပတ်) အတွင်း (၁)တင်းလျှင် ကျပ် (၄၀၀၀၀)ဈေးနှုန်းဖြင့် အရောင်းအဝယ်ရှိခဲ့ပြီး ခြောက်သွေ့ပြီးသီးနှံများကို အရည်အသွေးအလိုက် (ဒုတိယပတ်)တွင် (၁)တင်း လျှင် ကျပ်(၅၀၀၀၀မှ ၆၃၀၀၀)အထိရှိခဲ့ပြီး (တတိယပတ်)အတွင်းတွင် ကျပ်(၅၀၀၀၀မှ ၆၂၀၀၀) ထိရှိခဲ့၍ (၁)တင်းလျှင် ကျပ်(၁၀၀၀) ဈေးနှုန်းအနိမ့်ဖြင့် (၃၃၀၀)တင်း အရောင်းအဝယ်ရှိခဲ့ပါသည်။

     ကုလားပဲ(HL)မှာ (ဒုတိယပတ်)တွင် (၁)တင်းလျှင် ကျပ်(၈၈၀၀၀မှ ၉၇၀၀၀)၊ (တတိယပတ်) တွင် ကျပ်(၉၇၀၀၀မှ ၁၀၀၀၀၀)အထိဈေးနှုန်းရှိခဲ့ရာ (၁)တင်းလျှင် ကျပ်(၃၀၀၀မှ ၉၀၀၀)ထိ ဈေးနှုန်း အမြင့်ဖြင့် ဝယ်သိုကုန်သည်များမှ (၃၇၅၀)တင်း အရောင်းအဝယ်ရှိခဲ့ပါသည်။

      ကုလားပဲ(မြကြေး)မှာ (ဒုတိယပတ်)တွင် (၁)တင်းလျှင် ကျပ်(၈၈၀၀၀မှ ၁၀၇၀၀၀)၊ (တတိယပတ်)တွင် ကျပ်(၁၀၅၀၀၀)အထိဈေးနှုန်းဖြင့် ဝယ်သိုကုန်သည်များမှ တင်း(၃၀၀၀)ခန့်အား အရောင်းအဝယ် ရှိခဲ့ပါသည်။

    ပဲကြီးသီးနှံမှာ အောင်လံကုန်စည်ဒိုင်တွင် (ဒုတိယပတ်)မှ(တတိယပတ်)အထိ (၁)တင်းလျှင် ကျပ်(၈၄၀၀၀မှ ၉၀၀၀၀)အထိရှိခဲ့ပြီး ဈေးနှုန်းပြောင်းလဲမှုမရှိပဲ ဝယ်သိုကုန်သည်များမှ  (တတိယပတ်)တွင် တင်း(၂၇၀)အရောင်းအဝယ်ရှိခဲ့ပါသည်။

      မြေပဲလုံးဆံနီနှင့် လုံးဆံဖြူတို့မှာ သီးနှံအသစ်နှင့် အဟောင်းလက်ကျန်အနည်းငယ်တို့ အရောင်း အဝယ်ဖြစ်လျက်ရှိရာ (ဒုတိယပတ်)မှ(တတိယပတ်)အထိ (၁)ပိဿာလျှင် ကျပ်(၁၀၀၀၀) ဈေးနှုန်းရှိခဲ့ပြီး မြေပဲလုံးဆံနီ(၃၀၀၀)ပိဿာ၊ မြေပဲလုံးဆံဖြူ(၄၅၀၀)ပိဿာ အရောင်းအဝယ်ရှိခဲ့ ပါသည်။

      မြေပဲတောင့်အစိုမှာ (ဒုတိယပတ်)အတွင်းမှစ၍ သီးနှံအသစ်များ စတင်ဝင်ရောက် ချိန်တွင် (၁)တင်းလျှင် ကျပ်(၃၄၀၀၀)ဈေးနှုန်းရှိခဲ့ပြီး (တတိယပတ်)တွင် (၁)တင်းလျှင် ကျပ်(၃၂၀၀၀မှ ၃၃၀၀၀)ထိဈေးနှုန်းရှိခဲ့၍ (တတိယပတ်)တွင် (ဒုတိယပတ်)ထက် (၁)တင်းလျှင် ကျပ်(၁၀၀၀၊ ၂၀၀၀) ဈေးနှုန်းအနိမ့်ဖြင့် တင်း(၃၀၀၀)ခန့်အရောင်းအဝယ်ရှိခဲ့ပါသည်။

ဝါသီးနှံဈေးနှုန်းဈေးကွက်အခြေအနေ

    ဝါသီးနှံအနေဖြင့်ယခုရာသီတွင် ဝါကို သိုလှောင်ကုန်သည်များမှ ဈေးနှုန်းအတက်အကျကို စောင့် ဆိုင်းလျက် အရောင်းအဝယ်ပြုလျက်ရှိရာ (တတိယပတ်)အတွင်းတွင် ဝါ(၁)ပိဿာလျှင် ကျပ်(၃၀၀၀ မှ ၃၁၀၀)ဈေးနှုန်းရှိခဲ့ပြီး (ဒုတိယပတ်)ထက် ကျပ်(၂၀၀)အမြင့်ဈေးနှုန်းဖြင့် ဝါ ပိဿာချိန် (၈၀၀၀) ပိဿာ ခန့်အား မန္တလေးမြို့သို့တင်ပို့ရောင်းချခဲ့ကြောင်း သိရသည်။

     အောင်လံကုန်စည်ဒိုင်အနေဖြင့် ဩဂုတ်လ(တတိယပတ်)အတွင်းတွင် နှမ်း(၂၇၉.၂)တန်၊ ပဲတီစိမ်း(၁၀၇.၈)တန် စုစုပေါင်းတန်ချိန်(၃၈၇)တန်အား မန္တလေးမြို့သို့တင်ပို့ရောင်းချပေးနိုင်ခဲ့ပြီး ပဲစဉ်းငုံနီ၊ မတ်ပဲ၊ ကုလားပဲ (HL)နှင့် ကုလားပဲ(မြကြေး)၊ မြေပဲလုံးဆံနီ၊ မြေပဲလုံးဆံဖြူတို့ကို ရန်ကုန်မြို့သို့ စုစုပေါင်းတန်ချိန်(၃၈၂.၁)တန် ပဲကြီး၊ ကုလားပဲ(HL)နှင့် ကုလားပဲ (မြကြေး) အနည်းငယ်တို့အား အောင်လံမြို့နယ်နှင့် သရက်မြို့နယ်အတွင်းရှိ ခွဲစက်များနှင့် ပဲကြော်၊ ပဲလှော် လုပ်ငန်းရှင်များသို့ ဖြန့်ဖြူးရောင်းချ‌ပေးခဲ့ရပါကြောင်း အောင်လံကုန်စည်ဒိုင်မှ သိရှိရပါသည်။

DOCA(မကွေး)