ရွှေဘိုမြို့၊ ကုန်းဘောင်ဈေးရှိ သစ်သီးဝလံဈေးနှုန်းများ

Powered by Drupal

      ရွှေဘိုမြို့၊ အမှတ်(၁၀)ရပ်ကွက်ရှိ ကုန်းဘောင်ဈေးတွင် ဩဂုတ်လ တတိယပတ်တွင်ဖြစ်ပေါ်ခဲ့သော သစ်သီးဝလံဈေးနှုန်းများမှာ ပန်းသီးတစ်လုံးလျှင် (၇၀၀)ကျပ်မှ (၂၅၀၀)ကျပ်ထိ၊ သစ်တော်သီးတစ်ပိဿာလျှင် (၂၅၀၀)ကျပ်၊ မန္တလေး ပွဲရုံများမှ မှာယူရောင်းချသည့် ကျွဲကောသီးတစ်လုံးလျှင် (၃၅၀၀)ကျပ်၊ ကျောက်သခွားမွှေးသီး/ဂျပန်သခွားမွှေးသီးတစ်လုံးလျှင် (၂၅၀၀)ကျပ်မှ (၃၅၀၀)ကျပ်ထိ၊ သခွားမွှေးတစ်လုံးလျှင် (၃၀၀၀)ကျပ်၊ နှင်းသီး(ခေါ်) သမင်မျက်လုံးသီးတစ်ပိဿာလျှင် (၉၀၀၀)ကျပ်၊ ထောပတ်သီးတစ်လုံးလျှင် (၅၀၀)ကျပ်မှ (၈၀၀)ကျပ်ထိ၊ ဆားတောင်မြို့နှင့် ရွှေပန်းကုန်းရွာမှထွက်ရှိသည့် ငှက်ပျောသီး ဖီးကြမ်းတစ်ဖီးလျှင် (၁၈၀၀)ကျပ်မှ (၂၅၀၀)ကျပ်၊ ဖရဲသီးတစ်လုံးလျှင် (၂၀၀၀)ကျပ်မှ (၃၅၀၀)ကျပ်ထိ၊  သရက်သီး တစ်လုံးလျှင် (၄၀၀)ကျပ်မှ (၈၀၀)ကျပ်ထိ၊ ပိန္နဲသီးတစ်လုံးလျှင် (၃၅၀၀)ကျပ်မှ (၆၀၀၀)ကျပ်ထိ၊ နာနတ်သီးတစ်လုံးလျှင် (၁၅၀၀)ကျပ်၊ မာလကာသီးတစ်လုံးလျှင် (၃၅၀)ကျပ်၊ ပင်မှည့်သီး တစ်ပိဿာလျှင် (၆၀၀၀)ကျပ်၊ နဂါးမောက်သီးတစ်လုံးလျှင် (၇၀၀)ကျပ်မှ (၁၅၀၀)ကျပ်ထိ အသီးသီးအရောင်းအဝယ်ဖြစ်နေကြောင်း ကုန်းဘောင်ဈေးအတွင်းရောင်းချသော သစ်သီးဆိုင်များမှသတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)