![](http://www.doca.gov.mm/sites/default/files/styles/consumer_inner_image__847x424_/public/၃၃၂_2.jpg?itok=8Z_UycrO)
မကွေးတိုင်းဒေသကြီးသည် ဆန်လိုတိုင်းဒေသကြီးဖြစ်၍ စပါးအဓိကစိုက်ပျိုးထွက်ရှိရာ အခြားတိုင်း/ပြည်နယ်များမှ တင်သွင်းရပါသည်။
မကွေးတိုင်းဒေသကြီးအတွင်း ဧရာပဒေသာစပါးကို အဓိကစိုက်ပျိုးကြပြီး (၂၆-၈-၂၀၂၄)ရက်နေ့တွင်ဖြစ်ပေါ်နေသော စပါးဈေးနှုန်းများမှာ ဧည့်မထ(နွေ)(၁)တင်းလျှင် ကျပ်(၁၇၀၀၀)ဖြစ်ပြီး ဆန်တစ်အိတ်ဈေးနှုန်းများမှာ မကွေးခရိုင်တွင် ပေါ်ဆန်းမွှေး(၂၄)ပြည်ပါ(၁)အိတ် ကျပ်(၁၃၅၀၀၀)၊ ဧရာပဒေသာ ကျပ်(၁၂၅၀၀၀)၊ မနောသုခ ကျပ်(၇၅၀၀၀)၊ ရတနာတိုး ကျပ်(၇၅၀၀၀)၊ မင်းဘူးခရိုင်တွင် ပေါ်ဆန်းမွှေး ကျပ်(၁၅၀၀၀၀)၊ ဧရာပဒေသာ ကျပ်(၁၄၀၀၀၀)၊ မနောသုခ ကျပ်(၈၂၀၀၀)၊ သရက်ခရိုင်တွင် ပေါ်ဆန်းမွှေး ကျပ်(၁၅၀၀၀၀)၊ ဧရာပဒေသာ ကျပ်(၁၁၂၀၀၀)၊ မနောသုခ ကျပ်(၈၅၀၀၀)၊ အောင်လံခရိုင်တွင် ပေါ်ဆန်းမွှေး ကျပ်(၁၅၀၀၀၀)၊ ဧရာပဒေသာ ကျပ် (၁၃၁၀၀၀)၊ မနောသုခ ကျပ်(၈၅၀၀၀)၊ ရတနာတိုး ကျပ်(၇၅၀၀၀)၊ ချောက်ခရိုင်တွင် ပေါ်ဆန်းမွှေး ကျပ်(၁၅၀၀၀၀)၊ ဧရာပဒေသာ ကျပ် (၁၃၃၆၀၀)၊ မနောသုခ ကျပ်(၈၅၀၀၀)၊ ပခုက္ကူခရိုင်တွင် ပေါ်ဆန်းမွှေး ကျပ် (၁၃၀၀၀၀)၊ ဧရာပဒေသာ ကျပ်(၁၂၀၀၀၀)၊ မနောသုခ ကျပ်(၈၅၀၀၀)၊ ရတနာတိုး ကျပ်(၇၈၀၀၀)၊ ဂန့်ဂေါခရိုင်တွင် ပေါ်ဆန်းမွှေး ကျပ်(၁၄၅၀၀၀)၊ ဧရာပဒေသာ ကျပ်(၁၃၀၀၀၀)၊ မနောသုခ ကျပ် (၉၀၀၀၀)တို့ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်းသိရသည်။ စိုက်ပျိုးသူတောင်သူများ၊ ဆန်စက်လုပ်ငန်းများ၊ သိုလှောင်ဖြန့်ဖြူးရောင်းချသူများနှင့် စားသုံးသူပြည်သူများအတွက် သင့်တင့်မျှတသောဆန်ဈေးနှုန်းဖြစ်စေရန်အတွက် မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်မှ ရည်ညွှန်းဈေးထုတ်ပြန်သည့်အတွက်ကြောင့် စပါး၊ ဆန်ဈေးနှုန်းများတည်ငြိမ်လျက်ရှိကြောင်းသိရသည်။
မကွေးတိုင်းဒေသကြီး၊ မကွေးမြို့သို့ ၂၀၂၄ခုနှစ်၊ ဇူလိုင်လ(၁)ရက်နေ့မှ (၂၆)ရက်နေ့အတွင်း အခြားတိုင်းဒေသကြီး/ ပြည်နယ်များမှ ဆန်စီးဝင်မှုမှာ စပါးအဓိကစိုက်ပျိုးထွက်ရှိသည့် ဧရာဝတီတိုင်းဒေသကြီးမှ ဆန်(၂၁၇၅၇)အိတ်၊ မန္တလေးတိုင်းဒေသကြီးမှ ဆန်(၂၃၂၇)အိတ်၊ ရန်ကုန်တိုင်းဒေသကြီးမှ ဆန်(၅၉၀)အိတ်၊ ပဲခူးတိုင်းဒေသကြီးမှ ဆန်(၁၆၀၀)၊ စုစုပေါင်းဆန်(၂၇၁၈၄)အိတ်၊ (၁၃၅၉.၂) တန်စီးဝင်ခဲ့ကြောင်းသိရှိရပါသည်။
DOCA(မကွေး)