![](http://www.doca.gov.mm/sites/default/files/styles/consumer_inner_image__847x424_/public/၃၃၄_1.jpg?itok=ZLQfyHCF)
မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မကွေးမြို့ရှိ အိမ်ဆောက်ပစ္စည်းအရောင်းဆိုင်များဖြစ်သော မြ၊ ပွင့်သာ၊ လမ်းသစ်၊ ပါရမီ၊ ရွှေဂန္ဓာ၊ ရွှေမြန်မာ၊ ဆန်းသစ်၊ စိန်ကျောက်ဆူးနှင့် ဆန်းရှိုင်း အစရှိသည့်ဆိုင်များတွင် သွပ်၊ သံ၊ အခြားပစ္စည်းများနှင့် ဘိလပ်မြေ၊ ထုံးများရောင်းချလျက်ရှိပါသည်။
၂၀၂၄ခုနှစ်၊ ဩဂုတ်လ(စတုတ္ထပတ်)အတွင်းဖြစ်ပေါ်နေသော ဘိလပ်မြေဈေးနှုန်းများမှာ ကြံ့နှစ်ကောင်ဘိလပ်မြေတစ်အိတ်လျှင် ကျပ်(၁၀၅၀၀)၊ အယ်လ်ဖာတစ်အိတ်လျှင် ကျပ်(၁၀၅၀၀)ဖြစ်ပြီး ယခင်အပတ်နှင့်နှိုင်းယှဉ်ပါက ယခုအပတ်တွင် ကြံ့နှစ်ကောင် ကျပ်(၂၀၀)၊ အယ်လ်ဖာ ကျပ်(၄၀၀) ဈေးမြင့်တက်လာပြီး လမ်းပန်းအခက်အခဲနှင့် သယ်ယူစရိတ်မြင့်မားခြင်းတို့ကြောင့် ဈေးနှုန်းမြင့်တက်လာရခြင်းဖြစ်ကြောင်း၊ ဩဂုတ်လ(၁)ရက်နေ့မှ (၂၆)ရက်နေ့အထိ မန္တလေးတိုင်းဒေသကြီး ဘိလပ်မြေစက်ရုံများမှ (၁၈၉၃၅)အိတ်ဝင်ရောက်ခဲ့ကြောင်းသိရှိရပါသည်။
DOCA(မကွေး)