မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်ဦးစီးမှူးရုံး၊ ဆိပ်ဖြူမြို့နယ်တာဝန်ခံသည် မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့်ပူးပေါင်း၍ (၂၃-၈-၂၀၂၄) ရက်နေ့၊ နံနက်(၁၀:၀၀)နာရီအချိန်တွင် ဆိပ်ဖြူမြို့ပေါ်ရှိ လက်လီ/ လက်ကားရောင်းချနေသောဆန်ဆိုင်များသို့ သွားရောက်ကာ ကွင်းဆင်းစစ်ဆေးခြင်းဆောင်ရွက်ခဲ့ကြောင်းသိရသည်။
ရောင်းချနေသောဆန်ဆိုင်များအနေဖြင့် ဈေးကစားရန်ရည်ရွယ်ချက်ဖြင့် ဆန်များကို သိုလှောင်ထားခြင်းမပြုလုပ်ကြစေရန်နှင့် သတ်မှတ်ထားသည့် သင့်တင့်မျှတသော ဈေးနှုန်းများဖြင့်ရောင်းချနိုင်ရန်၊ ဈေးနှုန်းများကို အများပြည်သူများ သိသာမြင်သာစေသည့်နေရာတွင် ဗီနိုင်းချိတ်ဆွဲပြီးရောင်းချရန် အသိပညာပေးဆွေးနွေးပြီး အချင်အတွယ်ပြည့်ဝပြီး မှန်ကန်စွာရောင်းချခြင်းရှိ/မရှိစစ်ဆေးခဲ့ရာ အချင်အတွယ်ပြည့်ဝမှန်ကန်စွာရောင်းချနေကြောင်းသိရှိရပါသည်။
DOCA(မကွေး)