မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါခရိုင်ဦးစီးမှူးရုံးမှ ဝန်ထမ်းများသည် သက်ဆိုင်ရာမိတ်ဖက်ဌာနများနှင့်ပူးပေါင်းပြီး (၂၃-၈-၂၀၂၄)ရက်နေ့၊ နံနက်(၀၉:၃၀)နာရီအချိန်တွင် ဈေးကွက်အတွင်းရှိ ဘေးအန္တရာယ်ရှိသော ကုန်စည်များပပျောက်စေရေးအတွက်ရည်ရွယ်၍ ဂန့်ဂေါမြို့ပေါ်ရှိ ကုန်မျိုးစုံရောင်းဝယ်ရေးဆိုင်များသို့ ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ကြောင်းသိရသည်။
ကုန်မျိုးစုံရောင်းဝယ်ရေးဆိုင်များတွင် ရောင်းချလျက်ရှိသော စားသောက်ကုန်ပစ္စည်းများတွင် ဓာတုဆေးဝါးပစ္စည်းများနှင့် ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာပါဝင်မှုမရှိသောကုန်ပစ္စည်းများ ရောင်းချခြင်းမရှိကြောင်းကိုစစ်ဆေးတွေ့ရှိရပြီး ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာဖော်ပြမထားသော ကုန်စည်များအား ဆိုင်တင်ရောင်းချခြင်းမပြုလုပ်ရန် အသိပညာပေးဆွေးနွေးခဲ့ကြောင်းသိရှိရပါသည်။
DOCA(မကွေး)