တောင်ငူမြို့နယ် ချောင်းဖြူကျေးရွာတွင် စားသုံးသူကာကွယ်ရေးဆိုင်ရာအသိပညာပေး

Powered by Drupal

    စားသုံးသူရေးရာဦးစီးဌာန၊ တောင်ငူမြို့နယ်တာဝန်ခံ ဦးမြင့်သူသည် ဩဂုတ်လ ၂၃ ရက်နေ့ နံနက်ပိုင်းတွင် တောင်ငူမြို့နယ်၊ ချောင်းဖြူကျေးရွာ အခြေခံပညာအလယ်တန်းကျောင်းခွဲရှိ ကျောင်းသား/ ကျောင်းသူ ၇၀ ဦးအားလည်းကောင်း၊ ကျေးရွာအုပ်ချုပ်ရေးမှူးရုံး၌ ကျေးရွာနေပြည်သူ ၄၀ ဦးအားလည်းကောင်း စားသုံးသူကာကွယ်ရေးဆိုင်ရာများကို အသိပညာပေး ဟောပြောခဲ့ကြောင်းသိရှိရပါသည်။

    အခြေခံပညာအလယ်တန်းကျောင်းခွဲတွင် ကျောင်းသား/ ကျောင်းသူများအား စားသုံးသူရေးရာဦးစီးဌာန ပေါ်ပေါက်လာပုံ၊ စားသုံးသူ၏ အခွင့်အရေးနှင့်တာဝန်များ၊ ကုန်စည်များတွင် ကုန် အညွှန်းအမှတ်အသားများဖော်ပြရန် ပြဌာန်းထားရှိပြီးဖြစ်ရာ ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာ ဖော်ပြထားသော ကုန်စည်များကိုသာ ဝယ်ယူသုံးစွဲသင့်ပုံများနှင့် စားသုံးသူနစ်နာဆုံးရှုံးမှုများကို တိုင်ကြားနိုင်ခြင်းများကို အသိပညာပေးဟောပြောခဲ့ပကြောင်းသိရှိရပါသည်။

     အဆိုပါကျေးရွာအုပ်ချုပ်ရေးမှူးရုံး၌ အသိပညာပေးဟောပြောရာတွင် စားသုံးသူ၏ အခွင့်အရေး နှင့်တာဝန်များ၊ စားသုံးသူနစ်နာဆုံးရှုံးမှုမရှိစေရေးအတွက် ဦးစီးဌာန၏ ဆောင်ရွက်ချက်များ၊ အွန်လိုင်းဝန်ဆောင်မှုများနှင့်ပတ်သက်၍ သိသင့်သိထိုက်သည့်အချက်များ၊ ကုန်စည်ဝန်ဆောင်မှုများ နှင့်ပတ်သက်၍ စားသုံးသူနစ်နာဆုံးရှုံးမှုများကို တိုင်ကြားခြင်းများအား ဖြေရှင်းဆောင်ရွက်ပေးမှု များကို အသိပညာပေးဟောပြောခဲ့ကြောင်း သိရှိရပါသည်။

 DOCA(ပဲခူး)