![](http://www.doca.gov.mm/sites/default/files/styles/consumer_inner_image__847x424_/public/293.png?itok=o-C7-chS)
စားသုံးသူရေးရာဦးစီးဌာန၊ တောင်ငူခရိုင်ဦးစီးမှူးရုံးမှ ဒုတိယခရိုင်ဦးစီးမှူး ဦးမင်းဇော်သည် ဩဂုတ်လ (၂၄) ရက်နေ့ နေ့လယ်ပိုင်းတွင် တောင်ငူမြို့၊ အမှတ်(၂)ရပ်ကွက် နေပူကုန်းလမ်းရှိ Angle သောက်ရေသန့်စက်ရုံနှင့် အမှတ်(၁)ရပ်ကွက်၊ ထီးလှိုင်လမ်းရှိ Every Day သောက်ရေသန့် စက်ရုံများသို့ သွားရောက်၍ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများပြုလုပ် ဆောင်ရွက်ခဲ့ပြီး သက်ဆိုင်ရာလုပ်ငန်းရှင်များအား စားသုံးသူကာကွယ်ရေးဥပဒေပါ ပြဌာန်းချက်များနှင့်အညီဆောင်ရွက်ရန် ဆွေးနွေးအသိပညာပေးခဲ့ကြောင်းသိရှိရပါသည်။
ဒုတိယခရိုင်ဦးစီးမှူးသည် သက်ဆိုင်ရာစက်ရုံများမှ ထုတ်လုပ်သည့်သောက်ရေသန့်ဘူးများ၌ ကုန်အညွှန်းအမှတ်အသားများ ဖော်ပြထားရှိမှုများနှင့် စက်ရုံများအတွင်း သောက်ရေသန့်များ ထုတ်လုပ်ပုံအဆင့်ဆင့်ကို ကြည့်ရှုလေ့လာခဲ့ရာ တာဝန်ရှိသူများက လိုက်လံရှင်းလင်းပြသရာ စက်ရုံအတွင်းအပြင်သန့်ရှင်းရေး၊ ဝန်ထမ်းများတစ်ကိုယ်ရည်သန့်ရှင်းမှုကို အထူးအလေးထား ဆောင်ရွက်ရန် မှာကြားခဲ့ကြောင်း သိရှိရပါသည်။
ဒုတိယခရိုင်ဦးစီးမှူးသည် Angle သောက်ရေသန့်စက်ရုံ၌ စက်ရုံမန်နေဂျာအားလည်းကောင်း၊ Every Day သောက်ရေသန့်စက်ရုံ၌ စက်ရုံပိုင်ရှင်အားလည်းကောင်း လုပ်ငန်းဆောင်ရွက်ရာ၌ စားသုံးသူကာကွယ်ရေးဥပဒေပါ ပြဌာန်းချက်များနှင့်အညီဆောင်ရွက်ရေး ဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။
DOCA(ပဲခူး)