မုံရွာမြို့၊ အ.ထ.က(၂) ကျောင်းတွင် ပြန်ကြားရေးနှင့် ပြည်သူအင်အားဆက်ဆံရေးဦးစီးဌာနမှ ကျင်းပသောကျောင်းစာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်၌ စားသုံးသူကာကွယ်ရေးအသိပညာပေးပြခန်း ပူးပေါင်းပါဝင်ဆောင်ရွက်

Powered by Drupal

     ၂၈-၈-၂၀၂၄ ရက်နေ့ (ဗုဒ္ဓဟူးနေ့) နံနက် (၀၇း၀၀)နာရီအချိန်မှစ၍ စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ အ.ထ.က(၂)ကျောင်း၌ ပြန်ကြားရေးနှင့်ပြည်သူအင်အားဦးစီးဌာနမှကျင်းပသော ကျောင်းစာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်တွင်  တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်၏ လမ်းညွှန်ချက်အရ တိုင်းဒေသကြီးစည်ကားသိုက်မြိုက်ရေး အရှိန်အဟုန်မြှင့်တင်ဆောင်ရွက်နိုင်ရေး တိုင်းအဆင့်ဌာနဆိုင်ရာများ ပူးပေါင်းပါဝင်ပြသနိုင်ရန် ညွှန်ကြားမှုအပေါ် တိုင်းဒေသကြီးစားသုံးသူရေးရာဦးစီးဌာန၊ ခေတ္တတိုင်းဒေသကြီးဦးစီးမှူးဦးဆောင်၍ ဝန်ထမ်းများနှင့် စားသုံးသူကာကွယ်ရေးအသိပညာပေးပြခန်းကို ပြသဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။

     ထိုသို့ ဆောင်ရွက်ရာတွင် စားသုံးသူပြည်သူများ၊ ကျောင်းသား/သူများလေ့လာသိရှိစေရန် စားသုံးသူအခွင့်အရေးနှင့်တာဝန်များ၊ စီးပွားရေးလုပ်ငန်းရှင်များ ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေ‌ရေး၊ ကုန်စည်ဝန်ဆောင်မှုများ ထုတ်လုပ်တင်သွင်းရောင်းချရာတွင် ကုန်အညွှန်းအမှတ်အသားဆိုင်ရာများ၊ စားသုံးသူနှင့်ဆိုင်သောကာတွန်းများ၊ စားသုံးသူနစ်နာမှုရှိက တိုင်ကြားနိုင်သည့်နည်းလမ်း၊ ညှိနှိုင်းဖြေရှင်းပေးနိုင်သည့် အဆင့်ဆင့်ဆောင်ရွက်ခြင်းများ၊  Commerce  Journal များ၊ ဌာန၏ ပညာပေးဆိုင်ရာ VIDEO CLICKများ၊ ပညာပေးလက်ကမ်းစာစောင်များချိတ်ဆွဲပြသခြင်းနှင့် လာရောက်ကြသော ကျောင်းသား /သူများအား ပဟေဠိဉာဏ်စမ်းမေးခွန်များ၊ အညွှန်ကိန်းဆိုင်ရာ စစ်တမ်းမေးခွန်းများမေးမြန်း၍ မှန်ကန်အောင်ဖြေကြားနိုင်သူများအား ဆုချီးမြှင့်ခြင်းများဆောင်ရွက်ပြီး စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်တွင် ကျယ်ကျယ်ပြန့်ပြန့်ပြသခြင်းကို အောင်မြင်စွာဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)