ကန့်ဘလူခရိုင်၏ ဩဂုတ်လအတွင်း အသိပညာပေးဟောပြောပွဲဆောင်ရွက်နိုင်မှုအခြေအနေ

Powered by Drupal

      စားသုံးသူပြည်သူများကို စားသုံးသူကာကွယ်ရေးအကြောင်း ကျယ်ကျယ်ပြန့်ပြန့်သိရှိနိုင်စေရန် မိမိတို့၏ရပိုင်ခွင့်၊ တောင်းဆိုင်ပိုင်ခွင့်အခွင့်အရေးများကို သိရှိနားလည်ပြီး နစ်နာဆုံးရှုံးမှုများမဖြစ်စေရန်အတွက် စားသုံးသူရေးရာဦးစီးဌာနမှ တာဝန်ရှိသူများက မြေပြင်ကွင်းဆင်း၍ လစဉ်စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောပွဲများ ဆောင်ရွက်ပေးလျက်ရှိကြောင်းသိရသည်။

  ၂၀၂၄ခုနှစ်၊ ဩဂုတ်လအတွင်း စားသုံးသူအသိပညာပေးဟောပြောပွဲမျာကို ကန့်ဘလူမြို့နယ်တာဝန်ခံ ဦးမျိုးဝင်းသန်းသည် ကန့်ဘလူမြို့၊ အမှတ်(၁)“အ.လ.က(ခွဲ)”ကျောင်းရှိ ဆရာ/ ဆရာမများနှင့် ကျောင်းသား/ကျောင်းသူများအားလည်းကောင်း၊ ဒေါ်အိမွန်ကျော် (အငယ်တန်းစာရေး) သည် ကန့်ဘလူမြို့၊ “အ.မ.က(၄)”ကျောင်းရှိ ဆရာ/ဆရာမများနှင့်ကျောင်းသား/ကျောင်းသူများအားလည်းကောင်း၊ ကျွန်းလှမြို့နယ်တာဝန်ခံအနေဖြင့်  ကျွန်းလှမြို့၊ ပျဉ်းမမြိုင်ရပ်ကွက် “အ.လ.က”ကျောင်းရှိ ဆရာ/ဆရာမများနှင့် ကျောင်းသား/ကျောင်းသူများအားလည်းကောင်း အသိပညာပေးဟောပြောပွဲများဆောင်ရွက်ခဲ့ရာ တာဝန်ရှိသူများက စားသုံးသူများအနေဖြင့် စားသုံးသူကာကွယ်ရေးဥပဒေပါ စားသုံးသူအခွင့်အရေးနှင့်တာဝန်များကိုလည်းကောင်း၊ ကုန်စည်များကို ရွေးချယ်ဝယ်ယူရာတွင် ကုန်အညွှန်းအမှတ်အသားများနှင့် သက်ဆိုင်ရာဌာနများ၏ထောက်ခံချက်များကို သေချာစိစစ်ကြရန်လိုအပ်ကြောင်း၊ စားသုံးသူများအနေဖြင့် စားသုံးသူနစ်နာဆုံးရှုံးမှုဖြစ်ခဲ့လျှင် စားသုံးသူရေးရာဦးစီးဌာန၏ Facebook Page၊ DOCA Myanmar Mobile Application၊ ဌာန၏ Website၊ တိုင်းဒေသကြီး/ပြည်နယ်နှင့် ခရိုင်များတွင်ဖွင့်လှစ်ထားသည့် (CICC)များကို လူကိုယ်တိုင်လာရောက်၍လည်းကောင်း၊ Consumer Call Center 1535 ကိုခေါ်ဆို၍တိုင်ကြားနိုင်ကြောင်း အသိပညာပေးဆွေးနွေးခဲ့ပြီး စားသုံးသူကာကွယ်ရေးအကြောင်း သိကောင်းစရာလက်ကမ်းစာစောင်များဖြန့်ဝေပေးခဲ့ကြောင်းသိရပါသည်။

DOCA(စစ်ကိုင်း)