ဟင်္သာတကုန်စည်ဒိုင် အရောင်းအဝယ်ဖြစ်မှုအခြေအနေ

Powered by Drupal

     ဧရာဝတီတိုင်းဒေသကြီး၊ဟင်္သာတကုန်စည်ဒိုင်တွင် မတ်ပဲ၊ ပဲယင်း(အနီ)၊ပဲကြီးနှင့် အစေ့ထုတ်ပြောင်းတို့ ပုံမှန်အရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။ (၂၇.၈.၂၀၂၄)  ရက်နေ့တွင် မတ်ပဲ Row တစ်တင်းလျှင် ၁၂၅၂၀၀/- ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိပြီး၊ ယခင်ကာလတူဈေးနှုန်း  ၁၀၈၆၀၀/- ကျပ် ဖြင့်နှိုင်းယှဉ်ပါက ၁၆၆၀၀/- ကျပ်မြင့်တက်လျက်ရှိပြီး နေ့စဉ်မတ်ပဲအိတ် ၁၅၀၀ မှ ၂၀၀၀ ကြား အရောင်းအဝယ် ဖြစ်လျက်ရှိပါသည်။ (၂၇.၈.၂၀၂၄)ရက်နေ့တွင် ပဲယင်းအနီ တစ်တင်းလျှင် ၈၃၅၀၀/-ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိပြီး ယခင်ကာလတူဈေးနှုန်း ၇၀၀၀၀/- ကျပ် ဖြင့်နှိုင်းယှဉ်ပါက ၁၃၅၀၀/- ကျပ်၊ ပဲကြီးတစ်တင်းလျှင် ၈၁၀၀၀/-ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်ပြီး၊ ယခင်လ ကာလတူ ဈေးနှုန်း ၇၃၅၀၀/-ကျပ်နှင့် နှိုင်းယှဉ်ပါက ၇၅၀၀/-ကျပ် အသီးသီးမြင့်တက် လျက်ရှိပါသည်။ ဟင်္သာတမတ်ပဲကို ရန်ကုန်မှ အဝယ်လိုက်လာပြီး သိုလှောင်သူ ကြိုက်ဈေးရလျက်ရှိသဖြင့် ဟင်္သာတမတ်ပဲများ နေ့စဉ် ဘုရင့်နောင်ဈေးကွက်သို့ တင်ပို့လျက်ရှိပါသည်။

       August လ ဒုတိယသီတင်းပတ်တွင် အစေ့ထုတ်ပြောင်းဈေးသည် ၃၆၅၀၀/- ကျပ်ထိ မြင့်တက်ခဲ့သဖြင့် အစေ့ထုတ်ပြောင်း သိုလှောင်သူကုန်သည်များ ဘုရင့်နောင်ဈေးကွက်သို့ တင်ပို့ရောင်းချကြ၍ ဟင်္သာတဈေးကွက်အတွင်း အစေ့ထုတ်ပြောင်းလက်ကျန် နည်းသွားကြောင်း သိရှိရပါသည်။ (၂၇.၈.၂၀၂၄)နေ့တွင် အစေ့ထုတ်ပြောင်း ပိဿာ ၂၀ တစ်တင်းလျှင် ၃၁၅၀၀/- ကျပ် ဖြင့် အရောင်းအဝယ်ဖြစ်ပြီး ယခင်လ ကာလတူဈေးနှုန်း ၂၇၅၀၀/-ကျပ်နှင့် နှိုင်းယှဉ်ပါက ကျပ် ၄၀၀၀/- မြင့်တက်လျက်ရှိကြောင်း သုံးသပ်တွေ့ရှိရပါသည်။

DOCA(ဧရာဝတီ)