မအူပင် ဥစားကြက်၊ အသားစားကြက် မွေးမြူ၍ ကြက်ဥ၊ ဘဲဥ ဈေးအနည်းငယ်မြင့်တက်

Powered by Drupal

      ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့နယ် အခွန်လွတ်ဈေး၊ မြို့မဈေး၊မင်္ဂလာဈေးနှင့် ၃လမ်းဈေး တို့တွင်  ကြက်ဥ၊ ဘဲဥ၊ ရောင်းချခြင်း၊ မအူပင်မြို့ ၃လမ်းထဲတွင် ငုံးဥနှင့်ဆေးဘဲဥများ၊ ကြက်ဥ၊ ဘဲဥဒိုင်ရှိပြီး မအူပင်မြို့နယ် မွေးမြူရေးကြက်ခြံများမှ မှားယူရောင်းချနေကြောင်းသိရသည်။ မအူပင်မြို့မှ ဥစားကြက်ခြံ (၁၇၁)ခြံရှိပြီး လုပ်ငန်းရှင် ၂၂ဦး အကောင်ရေ (၈၆၄၈၀၀)နှင့် အသားစားကြက်ခြံ (၁၂၅)ခြံရှိပြီး လုပ်ငန်းရှင် (၃၇)ဦးနှင့် မွေးမြူအကောင်ရေ (၅၄၉၇၀၀)ကောင် မွေးမြူကြပြီး ၎င်းခြံများမှ  ကြက်ဥ၊ ဘဲဥ မှာယူရောင်းချကြောင်း သိရသည်။

     မအူပင်မြို့နယ်အတွင်း ကြက်ခြံမွေးမြူရေးရှိပြီး သယ်ယူစရိတ်နည်းပါးသော်လည်း ကြက်အစာဈေးနှုန်းမြင့်မားလာမှုကြောင့် ကြက်ဥ၊ ဘဲဥဈေးနှုန်းမှာ အနည်းငယ်မြင့်တက်လျှက်ရှိသည်။ ၂၀၂၄ ခုနှစ်၊ ဩဂုတ်လ(ပထမပါတ်)တွင် ကြက်ဥ အလုံးကြီး(၁၀)လုံးလျှင် ကျပ်(၃၅၀၀)၊ အလုံးအလတ် (၁၀)လုံးလျှင် ကျပ်(၃၂၀၀)၊ ငုံးဥ(၁၀)လုံးလျှင် ကျပ်(၅၀၀)၊ ဆေးဘဲဥ (၁၀)လုံးလျှင် ကျပ်(၄၀၀၀)၊ ဘဲဥ (၁၀)လုံးလျှင် ကျပ်(၄၄၀၀)ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိပြီး ယခင်(တတိယပတ်)နှင့် နှိုင်းယှဉ်လျှင် ကြက်ဥ  ကျပ်(၂၀၀)၊ ဘဲဥ ကျပ်(၃၀၀)မြင့်တက်ခဲ့ပြီး ငုံးဥမှာ (၂၀၀)ကျပ်နှင့် ဆေးဘဲဥမှာ (၅၀၀)ကျပ် ဈေးနှုန်းမြင့်တက်လျက်ရှိကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)