ကရင်ပြည်နယ်စားသုံးသူရေးရာကော်မတီအစည်းအဝေးကျင်းပ

Powered by Drupal

       ကရင်ပြည်နယ်စားသုံးသူရေးရာကော်မတီ၏လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၃/၂၀၂၄) ကို ၂၉-၈-၂၀၂၄ ရက်နေ့ (ကြာသပတေးနေ့)၊ နံနက် ၁၀:၀၀ နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ ကရင်ပြည်နယ်ဦးစီးမှူးရုံး၊ အစည်းအဝေးခန်းမ၌ကျင်းပရာ အစည်းအဝေးတွင် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၊ကရင်ပြည်နယ်စားသုံးသူရေးရာကော်မတီ ဒု-ဥက္ကဋ္ဌ ဒေါက်တာတင်နွယ်ရီနှင့် ကော်မတီအဖွဲ့ဝင်များတက်ရောက်ခဲ့ကြသည်။

      အစည်းအဝေးတွင် ကရင်ပြည်နယ်စားသုံးသူရေးရာကော်မတီ ဒု-ဥက္ကဋ္ဌက အဖွင့်အမှာစကားပြောကြားခဲ့ပြီး ကရင်ပြည်နယ်စားသုံးသူရေးရာကော်မတီ အတွင်းရေးမှူး စားသုံးသူရေးရာဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူး ဦးသန်းဦးက ဌာန၏ တာဝန်ယူဆောင်ရွက်လျက်ရှိသောလုပ်ငန်းစဉ်များ၊ ရှေ့ဆက်လုပ်ဆောင်မည့် လုပ်ငန်းစဉ်များ၊ ယခင်လအစည်းအဝေးဆုံးဖြတ်ချက်များအနက် ဆောင်ရွက်ပြီးစီးမှုအခြေအနေများကို အမှာစာနှင့်တကွ တင်ပြဆွေးနွေးခဲ့ပြီး တက်ရောက်လာသော ကော်မတီအဖွဲ့ဝင်များက စားသုံးသူကာကွယ်ရေးဆိုင်ရာကိစ္စရပ်များနှင့်စပ်လျဉ်း၍ သက်ဆိုင်ရာဌာနအလိုက် ဆောင်ရွက်နေမှုအခြေအနေများကို ရှင်းလင်းဆွေးနွေးခဲ့ရာ ကော်မတီဒု-ဥက္ကဋ္ဌက လိုအပ်သည်များ ပေါင်းစပ်ဆောင်ရွက်ပေးခဲ့ပြီး အစည်းအဝေးကို နေ့လယ် (၁၂:၀၀) နာရီအချိန်တွင် ရုပ်သိမ်းခဲ့သည်။   

          အစည်းအဝေးတွင် ကရင်ပြည်နယ်စားသုံးသူရေးရာကော်မတီဝင် (၈) ဦးတက်ရောက်ခဲ့ပြီး စားသုံးသူရေးရာကိစ္စရပ်များနှင့်စပ်လျဉ်း၍ ဆုံးဖြတ်ချက် (၆) ချက်ဆုံးဖြတ်ခဲ့ကြောင်းသိရပါသည်။

DOCA(ကရင်)