ကန့်ဘလူမြို့နယ်ပွဲရုံများ၌ ဩဂုတ်လတွင် အရောင်းအဝယ်ဖြစ်နေသောသီးနှံများ

Powered by Drupal

       စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ကန့်ဘလူခရိုင်ဦးစီးမှူးရုံးအနေဖြင့် စားသုံးသူကာကွယ်ပေးရေးလုပ်ငန်းများအပြင် ပြည်တွင်းကုန်သွယ်မှုဖွံ့ဖြိုးရေးလုပ်ငန်းများဆောင်ရွက်လျက်ရှိပြီး ပြည်တွင်းကုန်သွယ်မှုဖွံ့ဖြိုးရေးနှင့် စားသုံးသူကာကွယ်ရေးလုပ်ငန်းများဖြင့် နိုင်ငံ့စီးပွားဖွံ့ဖြိုးတိုးတက်စေရန်ဟူသော မျော်မှန်းချက်နှင့်အညီ အသင်းအဖွဲ့များ၊ အစုအဖွဲ့များဖွဲ့စည်းပေးပြီး ပိုမိုအားကောင်းလာစေရေး ပူးပေါင်းဆောင်ရွက်လျက်ရှိပါသည်။ ပွဲရုံးများ၏ သီးနှံဈေးနှုန်းများနှင့် အရောင်းအဝယ်ဖြစ်မှုများကိုလည်း  တင်း/ တန်စာရင်းတို့ဖြင့် အပတ်စဉ်၊ လစဉ်တင်ပြလျက်ရှိပါသည်။

       ကန့်ဘလူပွဲရုံများအနေဖြင့် ၂၀၂၄ခုနှစ်၊ ဩဂုတ်လအတွင်း ပွဲရုံသို့ ဝင်ရောက်အရောင်းအဝယ်ဖြစ်နေသော သီးနှံအမျိုးအစား ဒေသပေါက်ဈေးနှုန်း အဝင် /အထွက်တင်းများ၏ အရောင်းအဝယ်ဖြစ်မှုအခြေအနေများမှာ ကုလားပဲ v2 (၃၅၄)တင်းဈေးနှုန်းမှာ (၉၉၀၀၀)ကျပ်၊ ကုလားပဲ 929 (၁၁၂၅)တင်းဈေးနှုန်းမှာ (၉၆၀၀၀)ကျပ်၊ ကုလားပဲ ထိုင်ဝမ်(၆၃)တင်းဈေးနှုန်းမှာ (၉၀၀၀၀)ကျပ်၊ မတ်ပဲအမျိုးအစား (၈၇၇.၅)တင်းဈေးနှုန်းမှာ (၁၀၀၀၀၀)ကျပ်၊  ပဲစင်းငုံ (နီ)(၄၂၇.၅)တင်းဈေးနှုန်းမှာ (၁၄၅၀၀၀)ကျပ်၊ ပဲစင်းငုံ (ဖြူ)(၉၄.၅)တင်းဈေးနှုန်းမှာ (၁၃၈၀၀၀)ကျပ်၊ နေကြာ(၁၀၆.၅)တင်းဈေးနှုန်းမှာ (၄၃၀၀၀)ကျပ်၊ နံနံစေ့(၁၄၇)တင်းဈေးနှုန်းမှာ (၁၁၀၀၀)ကျပ်နှင့် မြေပဲ(၁၈၀၀)တင်းဈေးနှုန်းမှာ (၃၅၀၀၀)ကျပ်  အသီးသီးပေါက်ဈေးရှိကြောင်းသိရသည်။

     ယခုရာသီကာလတွင်မူ ကုလားပဲများနှင့်မြေပဲများ လှိုင်လှိုင်ထွက်ရှိချိန်ဖြစ်ပြီး ယခင်ဇူလိုင်လပေါက်ဈေးနှုန်းနှင့်နှိုင်းယှဉ်ကြည့်မည်ဆိုပါက ကုလားပဲ(ထိုင်ဝမ်) တစ်တင်းလျှင် (၁၅၀၀၀)ကျပ်၊ မတ်ပဲတစ်တင်းလျှင် (၈၀၀၀၀)ကျပ်၊ ပဲစင်းငုံ(ဖြူ/နီ)တစ်တင်းလျှင် (၁၃၀၀၀/၁၅၀၀၀)ကျပ်၊ ကုလားပဲ 929 တစ်တင်းလျှင် (၁၈၀၀၀)ကျပ်ကျဆင်းလျက်ရှိကာ  ကုလားပဲ v2 တစ်တင်းလျှင် (၁၅၀၀၀)ကျပ်ဖြင့် ယခင်လဈေးနှုန်းထက် မြင့်တက်လျက်ရှိကြောင်းနှင့် မိမိတို့ပွဲရုံမှသီးနှံများကို မန်းလေးမြို့ ဇောတိကပွဲရုံတစ်ခုတည်းကိုသာ တင်ပို့ရောင်းချလျက်ရှိကြောင်း ကန့်ဘလူမြို့ပေါ်ရှိ  ပွဲရုံပိုင်ရှင်တစ်ဦးထံမှ သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)