![](http://www.doca.gov.mm/sites/default/files/styles/consumer_inner_image__847x424_/public/၃၇၃.jpg?itok=WmRV8j4p)
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့နယ်တွင် စပါးနှင့် ဆီထွက်သီးနှံများအပြင် ပဲမျိုးစုံကိုလည်းစိုက်ပျိုးကြောင်းသိရသည်။ ယခုအခါ မတ်ပဲသီးနှံများ ဈေးကွက်အတွင်း ဝင်ရောက်လျက်ရှိပြီး စက်တင်ဘာလ ပထမပတ်အတွင်း ဈေးနှုန်းများမှာ မတ်ပဲ(ဂျပန်)တစ်တင်းလျှင် ၉၅၀၀၀ကျပ်၊ မတ်ပဲရိုးရိုးတစ်တင်းလျှင် ၁၀၀၀၀၀ကျပ်ဖြင့်အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း၊ ဈေးကွက်အနေဖြင့် ကန့်ဘလူခရိုင်မှထွက်ရှိသောမတ်ပဲများကို မန္တလေးမြို့ရှိပွဲရုံများသို့ တင်ပို့ရောင်းချလျက်ရှိသည်။
မတ်ပဲသီးနှံများသည် ကန့်ဘလူမြို့နယ်အတွင်းရှိ ကျေးရွာများမှ အဓိကဝင်ရောက်လျက်ရှိပြီး ဩဂုတ်လ နောက်ဆုံးပတ်ဈေးနှုန်းများနှင့်နှိုင်းယှဉ်ပါက ယခုလ ပထမပတ်အတွင်း မတ်ပဲ(ဂျပန်) တစ်တင်းလျှင် ငွေကျပ်(၂၀၀၀)မြင့်တက်လာသော်လည်း မတ်ပဲရိုးရိုးတစ်တင်းလျှင် ငွေကျပ်(၅၀၀၀) ကျဆင်း၍ အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သီးနှံရောင်းဝယ်ရေးလုပ်ငန်းရှင်ထံမှသိရှိရပါသည်။
DOCA(စစ်ကိုင်း)