မှော်ဘီမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတွင် စားအုန်းဆီဖြန့်ဖြူးသည့် ကုမ္ပဏီများနှင့်တွေ့ဆုံဆွေးနွေးခြင်း

Powered by Drupal

     မှော်ဘီမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ မှော်ဘီမြို့နယ်ခွဲရုံးမှ ဒုကြီးကြပ်ရေးမှူး ဒေါ်ဖြူဖြူမြင့်၊ မြို့နယ်စည်ပင်၊ ကုမ္ပဏီ(၆)ခုအဖွဲ့ဝင် (၉)ဦးနှင့် ရပ်ကွက်/ ကျေးရွာအုပ်ချုပ်ရေးမှူးတို့သည် ၂၇-၈-၂၀၂၄ ရက်နေ့၊ နံနက် (၁၀း၀၀)နာရီအချိန်တွင် စားအုန်းဆီ လက်လီ/လက်ကားကိုယ်စားလှယ်များနှင့် အစည်းအဝေးပြုလုပ်ခဲ့ကြောင်းသိရှိရပါသည်။

      အဆိုပါအစည်းအဝေးတွင် ဆီရောင်းချမှုစာရင်းများအား လက်လီ/လက်ကားအရောင်းဆိုင်အလိုက် ကုမ္ပဏီများက စာရင်းပြုစုတင်ပြစေရန်၊ ဒေသအလိုက် အိမ်ထောင်စုဦးရေနှင့် စားအုန်းဆီဖြန့်ဖြူးရန် ဆီဝယ်ယူခွင့်စာအုပ်များပြုလုပ်ရမည်ဖြစ်ကာ သက်ဆိုင်ရာရပ်ကွက်၊ ကျေးရွာများမှ စုစည်းတောင်းခံထားခြင်းများအား မြို့နယ်ရုံးသို့တင်ပြရန်နှင့် စားအုန်းဆီဖြန့်ဝေခွဲမှုနှင့်ပတ်သက်သည့် အကြောင်းအရာများအား ရှင်းလင်းဆွေးနွေးခဲ့ပြီး တက်ရောက်လာသူများ၏ တင်ပြဆွေးနွေးမှုအပေါ်  ပြန်လည်ရှင်းလင်းဆွေးနွေးခဲ့ကြောင်းသိရှိရပါသည်။

DOCA(ရန်ကုန်)