ပြည် ပဲနီပြားဈေးနှုန်း ဈေးအမြင့်ဖြင့် ဆက်လက်အရောင်းအဝယ်ဖြစ်

Powered by Drupal

      ပဲခူးတိုင်းဒေသကြီး၊ ပြည်မြို့ ပဲမျိုးစုံဈေးကွက်မှာ ပြည်ပဝယ်လက် ပဲအချို့ဈေးမြင့်တက်လာသော်လည်း ပြည်တွင်း စားသုံးမှုများသော ပြည်တွင်းဝယ်လက်သမားများ အဓိကဝယ်ယူသော ပဲများထဲတွင် ပဲနီပြား၊ ထောပတ်ပဲ၊ စားတော်ပဲ ဈေးနှုန်းများ မြင့်တက်လာခဲ့ပါသည်။ အဆိုပါ ပဲများထဲမှ ပဲနီပြားသီးနှံသည် ယခုနှစ်မှာ ဈေးကောင်းသော ပဲသီးနှံထဲတွင်ပါဝင်နေပြီး ယခုဩဂုတ်လအတွင်း ပိဿာ (၂၀)တစ်တင်း ကျပ် (၁၃၀၀၀၀)ကျပ်အထိ ရရှိခဲ့ပါသည်။ ယခင်နှစ်က ဩဂုတ်လအတွင်း ပဲနီပြား တစ်တင်းလျှင် (၁၀၀၀၀၀) ကျပ်ရရှိခဲ့သော်လည်း ယခုနှစ် လက်လီ ပဲဈေးကွက်မှာ ပဲသီးနှံအားလုံးနီးပါး ဈေးမြင့်တက်ခဲ့သည့်အတွက် ပဲနီပြားသီးနှံကလည်း ယခင်နှစ် ကာလတူအချိန်ထက် ဈေးပိုမြင့်တက်လာခဲ့ပါသည်။ ယခုကာလမှာ ပဲသစ်ဝင်ရောက်ခြင်းမရှိသော်လည်း ပဲဟောင်းလက်ကျန်များ ကျန်ရှိသောကြောင့် အရောင်းအဝယ်ဖြစ်မှုအနေဖြင့်  လက်ကား ဝယ်ယူမှုထက် လက်လီသမားများ ပိုအရောင်းအဝယ်ဖြစ်နေပြီး တစ်ရက်လျှင် အိတ် ၂၀ ကျော် ၃၀ ခန့် အရောင်းဝယ်ဖြစ်လျက်ရှိကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)