ကန့်ဘလူမြို့နယ်ရှိ ဘိလပ်မြေရောင်းချသည့်ဆိုင်များအား ကွင်းဆင်းစစ်ဆေး

Powered by Drupal

      ၂၀၂၄ခုနှစ်၊ စက်တင်ဘာလ ၂ရက်နေ့၊ နံနက်(၀၉:၀၀)နာရီအချိန်တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာနမှ ကန့်ဘလူမြို့နယ်တာဝန်ခံ ဦးမျိုးဝင်းသန်းသည် ကန့်ဘလူမြို့ပေါ်ရှိ အိမ်ဆောက်ပစ္စည်းရောင်းချသည့်ဆိုင်များသို့ အပတ်စဉ် သွားရောက်ကွင်းဆင်းစစ်ဆေးခြင်းဆောင်ရွက်လျက်ရှိကြောင်းသိရသည်။

      ကန့်ဘလူမြို့ပေါ်ရှိ ဘိလပ်မြေရောင်းချသည့် ခွန်အားသစ် အိမ်ဆောက်ပစ္စည်းအရောင်းဆိုင်၊ မိုးကောင်ကင် အိမ်ဆောက်ပစ္စည်းအရောင်းဆိုင်နှင့် ရွှေပြည့်စုံ အိမ်ဆောက်ပစ္စည်းအရောင်းဆိုင် စသည့်ဆိုင်များ၏ ဘိလပ်မြေဝယ်ယူရရှိမှုအခြေအနေ၊ လက်ကျန်အခြေအနေနှင့် ဈေးနှုန်း၊ ဈေးကွက်အခြေအနေတို့အား ကွင်းဆင်းစိစစ်ခဲ့ရာ ဘိလပ်မြေနှင့်ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်းများကို မန္တလေးမြို့မှဝယ်ယူရကြောင်း၊ ဈေးနှုန်းအနေဖြင့် “CROWN” အမှတ်တံဆိပ်ဘိလပ်မြေ‌တစ်အိတ်လျှင် ငွေကျပ်၁၇၅၀၀နှင့် “ကြံ့နှစ်ကောင်” အမှတ်တံဆိပ် ဘိလပ်မြေဈေးနှုန်းမှာ တစ်အိတ်လျှင် ငွေကျပ်၁၇၀၀၀ဖြင့်ရောင်းချကြောင်း၊ ဩဂုတ်လ နောက်ဆုံးပတ်ဈေးနှုန်းများနှင့်နှိုင်းယှဉ်ပါက ယခုအပတ်တွင်း ဈေးနှုန်းများတည်ငြိမ်၍ အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း လုပ်ငန်းရှင်များထံမှသိရပါသည်။

DOCA(စစ်ကိုင်း)