ပြည်ပဲလွမ်းဖြူလက်လီဈေးကွက်မှာဈေးမြင့်တက်လာ

Powered by Drupal

      ယခုသြဂုတ်လနောက်ဆုံးပတ်တွင် ပြည်ပဲဈေးကွက်မှာ ပဲသီးနှံအချို့ဈေးမြင့်တက်လာခဲ့သောကြောင့် လက်လီပဲဈေးကွက်မှာ အခြားပဲများနှင့်ယှဉ်လျှင် ဈေးအေးနေသော ပဲလွမ်းဖြူသီးနှံ ကလည်း ဈေးမြင့်တက်လာခဲ့ပါသည်။ ပဲအသစ်အဝင်မရှိခဲ့သော ပဲဟောင်းလက်ကျန်များဖြင့် ရောင်းဝယ်မှုဖြစ်ခဲ့၍ လက်လီအိတ်အနည်းငယ်သာ ရောင်းဝယ်မှုဖြစ်ခဲ့ပါသည်။ ပဲဈေးမှာ ပိဿာ (၂၀)တစ်တင်းလျှင် ၉၃၀၀၀ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်ခဲ့သည့်အတွက် ယခင်ဇူလိုင်လထက် တစ်တင်းလျှင်ကျပ် (၁)သောင်းကျော်မြင့်တက်လာခဲ့ပါသည်။ ယခင်လအတွင်း ပဲဈေးကွက်မှာ ပဲလွမ်းဖြူသီးနှံတစ်တင်း ၈၀၀၀၀ကျပ်ဖြင့်သာ ရောင်းဝယ်ခဲ့‌သောကြောင့် အခြားပဲများထက် ဈေးလျော့နည်းရောင်းဝယ်ခဲ့သော်လည်း ယခုလတွင် အခြားပဲများဈေးနှုန်းမြင့်တက်ခဲ့သကဲ့သို့ ပဲလွမ်းဖြူသီးနှံလည်း ဈေးနှုန်းမြင့်တက်လာခဲ့ကြောင်း လေ့လာသိရှိရပါသည်။

DOCA(ပဲခူး)