သာယာဝတီမြို့၌ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

Powered by Drupal

     စားသုံးသူရေးရာဦးစီးဌာန၊ သာယာဝတီခရိုင်ဦးစီးမှူးရုံးရှိ ခရိုင်ဦးစီးမှူး ဦးသန်းစိုး၊ သာယာဝတီမြို့နယ်တာဝန်ခံ ဒေါ်အေးသန္တာထွန်းနှင့် အငယ်တန်းစာရေးဒေါ်စန္ဒာမိုးတို့မှ (၂၉.၈.၂၀၂၄) ရက်နေ့ နံနက် (၁၀:၀၀)နာရီအချိန်တွင် မြို့မဈေးအတွင်းရှိ ကုန်မျိုးစုံရောင်းဝယ်ရေးဆိုင်များတွင် ရောင်းချလျက်ရှိသောကုန်စည်များတွင် ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံစွာဖော်ပြခြင်းရှိ/ မရှိကို ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

       စားသုံးသူများတိကျမှန်ကန်ရှင်းလင်းသော သတင်းအချက်များသိရှိစေရန်၊ စားသုံးသူများ ဘေးအန္တရာယ်ကင်းရှင်းစေရန်၊ စိတ်ကျေနပ်မှုရှိစေရန်အတွက် အာမခံချက်ပေးနိုင်သည့် အရည် အသွေးမြင့်မားသော ကုန်စည်ဝန်ဆောင်မှုများ ဖော်ဆောင်ဖြည့်ဆည်းပေးနိုင်စေရေးနှင့် စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် စားသုံးသူကာကွယ်ရေးဥပဒေအား သိရှိလိုက်နာဆောင်ရွက်ရန် အသိပညာပေးခြင်း၊ ကုန်စည်အမျိုးအစားအလိုက် သတ်မှတ်ချက်များနှင့်အညီ ပြည့်စုံစွာဖော်ပြခြင်းရှိ/ မရှိတို့ကို ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)