မွန်ပြည်နယ် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ ဖွင့်လှစ်သော သင်တန်းရှိ စီးပွားရေးလုပ်ငန်းရှင်များအား အွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်းလုပ်ငန်းဆိုင်ရာ အသိပညာပေး ဟောပြောပွဲပြုလုပ်

Powered by Drupal

      ၃၀.၈.၂၀၂၄ ရက်နေ့တွင် စားသုံးသူရေးရာဦးစီးဌာန၊ မွန်ပြည်နယ်ဦးစီးမှူးရုံးမှ ဒုတိယပြည်နယ်ဦးစီးမှူး၊ မော်လမြိုင်ခရိုင်ဦးစီးမှူးနှင့် မြို့နယ်တာဝန်ခံတို့သည် မွန်ပြည်နယ် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှဖွင့်လှစ်သော သင်တန်းရှိ စီးပွားရေးလုပ်ငန်းရှင်များအား အွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်းလုပ်ငန်းဆိုင်ရာ အသိပညာပေးဟောပြောပွဲ ပြုလုပ်ခဲ့ကြောင်း သိရှိရပါသည်။

    အဆိုပါ ဟောပြောပွဲတွင် ဒုတိယပြည်နယ်ဦးစီးမှူးက အွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်းလုပ်ငန်းကို အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှုလုပ်ငန်းအဖြစ် အမိန့်ကြော်ငြာစာအမှတ် (၅၀/၂၀၂၃) ကို ၂၀၂၃ခုနှစ်၊ ဇူလိုင်လ၂၁ ရက်နေ့တွင် ထုတ်ပြန်ခဲ့ကြောင်း၊ အွန်လိုင်းစနစ်ဖြင့် ရောင်းချသည့် စီးပွားရေးလုပ်ငန်းရှင်တိုင်း မှတ်ပုံတင်လျှောက်ထားပြီးမှသာ ရောင်းချရမည်ဖြစ်ကြောင်း၊ အမိန့်ကြော်ငြာစာထုတ်ပြန်ပြီး (၆) လပြည့်သည့်နေ့ရက်မှစ၍ မှတ်ပုံတင်မရှိဘဲရောင်းချသည့် အွန်လိုင်းရောင်းချသူများကို အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှု ဥပဒေ ပုဒ်မ (၅) ဖြင့် အရေးယူသားမည်ဖြစ်ကြောင်း၊ အွန်လိုင်းစနစ်ဖြင့်ရောင်းချခြင်း (Online Sale) လုပ်ငန်းများမှတ်ပုံတင်ခြင်းအတွက် အင်တာနက်ရရှိသည့် မည်သည့်နေရာတွင်မဆို အွန်လိုင်းမှ လျှောက်ထားထုတ်ယူနိုင်သော eComReg System ကို ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ (၂) ရက်နေ့တွင် စတင်၍အသုံးပြုခဲ့ကြောင်း၊ မှတ်ပုံတင်ရာတွင် ပူးတွဲတင်ပြရမည့်အချက်များ၊ မှတ်ပုံတင်မည့်သူများသိရှိလိုက်နာရမည့် စည်းကမ်းချက်များကို အသိပညာပေး ဟောပြောခဲ့ကြောင်း သိရှိရပါသည်။

DOCA(မွန်)