တောင်ငူခရိုင်အတွင်းရှိ စားသုံးဆီလက်လီ/ လက်ကားရောင်းချသူများနှင့်တွေ့ဆုံ

Powered by Drupal

     စားသုံးသူရေးရာဦးစီးဌာန၊ တောင်ငူခရိုင်ဦးစီးမှူး ဦးမျိုးအောင်သည် စက်တင်ဘာလ ၂ ရက်နေ့ မွန်းလွဲပိုင်းတွင် ခရိုင်ဦးစီးမှူးရုံး အစည်းအဝေးခန်းမ၌ တောင်ငူခရိုင်အတွင်းရှိ စားသုံးဆီ လက်လီ/ လက်ကားရောင်းချသူများအား တွေ့ဆုံဆွေးနွေးခြင်း ပြုလုပ်ခဲ့ကြောင်း သိရှိရပါသည်။

      ခရိုင်ဦးစီးမှူးသည် စားသုံးဆီရောင်းချရာတွင် လူစုလူဝေးမဖြစ်စေရန်အတွက် စားသုံးဆီဝယ်ယူခွင့်စာအုပ်ဖြင့် ရောင်းချရန်ကိစ္စ၊ ရပ်ကွက်/ ကျေးရွာအုပ်စုများအတွင်း အမှန်တကယ်နေထိုင်သည့် အိမ်ထောင်စုတိုင်းအား အညီအမျှရောင်းချပေးနိုင်ရေးကိစ္စ၊ သတ်မှတ်ရည်ညွှန်းဈေးအပေါ် သယ်ယူစရိတ်ပေါင်းပြီး နှစ်ရာခိုင်နှုန်းထက်မပိုဘဲ အမြတ်တင်ရောင်းရန်ညွှန်ကြားချက်အား တိကျစွာလိုက်နာဆောင်ရွက်ရန်ကိစ္စ၊ တော်ဝင်ဧကရာဇ်သယ်ယူပို့ဆောင်ရေးကုမ္ပဏီမှ စားသုံးဆီများ သယ်ယူပို့ဆောင်ပေးမည့်ကိစ္စများကို ရှင်းလင်းပြောကြားခဲ့ကြောင်းသိရှိရပါသည်။

   ထို့နောက် တက်ရောက်လာသည့် တောင်ငူခရိုင်ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များ အသင်းဥက္ကဌ ဦးကျော်သိန်းနှင့် မြို့နယ်အလိုက်ကိုယ်စားလှယ်များက ဆွေးနွေးတင်ပြရာ ခရိုင်ဦးစီးမှူးက တင်ပြချက်များအပေါ် ပြန်လည်ရှင်းလင်းဆွေးနွေးခဲ့ပါသည်။ အဆိုပါ တွေ့ဆုံဆွေးနွေးပွဲသို့ တောင်ငူ၊ ရေတာရှည်၊ ထန်းတပင်၊ အုတ်တွင်းနှင့် ဖြူးမြို့နယ်များမှ စားသုံးဆီလက်လီလက်ကား ဖြန့်ဖြူးရောင်းချသူ ၂၉ ဦး တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)