ဘားအံမြို့ဒေသထွက် ခရမ်းချဉ်သီးဈေးနှုန်းအခြေအနေ

Powered by Drupal

        ၂၀၂၄ ခုနှစ်၊ စက်တင်ဘာလအတွင် ကရင်ပြည်နယ်၊ ဘားအံမြို့ဒေသထွက် ခရမ်းချဉ်သီး ဈေးနှုန်း အနည်းငယ်ကျဆင်းခဲ့ကြောင်း သတင်းရရှိသည်။

         ဈေးနှုန်းအနေဖြင့် ယခင်လက ခရမ်းချဉ်သီး အလုံးကြီးဈေးနှုန်း တစ်ပိဿာလျှင် (၃၀၀၀) ကျပ်၊ အလုံးအလတ်ဈေးနှုန်း တစ်ပိဿာ   (၂၈၀၀) ကျပ် ဖြစ်ပြီး ယခုအခါ ခရမ်းချဉ်သီး အလုံးကြီးဈေးနှုန်း တစ်ပိဿာလျှင် (၂၀၀၀) ကျပ်၊ အလုံးအလတ်ဈေးနှုန်း တစ်ပိဿာလျှင် (၁၅၀၀) ကျပ် တို့ဖြစ် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း  သိရပါသည်။

       ကရင်ပြည်နယ်ဒေသအတွင်း ဖြစ်ပေါ်နေသော ဩဂုတ်လ နောက်ဆုံးပတ်နှင့် စက်တင်ဘာလ ပထမပတ်ဈေးနှုန်း နှိုင်းယှဉ်ခြင်းအားဖြင့် ကရင်ပြည်နယ်အတွင်း ခရမ်းချဉ်သီး ဈေးနှုန်း အနည်းငယ်ကျဆင်းခဲ့ကြောင်း သိရပါသည်။     

DOCA(ကရင်)