ဘားအံမြို့ဒေသထွက်ငရုတ်သီးစိမ်းဈေးနှုန်အခြေအနေ

Powered by Drupal

         ငရုတ်သီးမှာလည်း မိုးမျှာ်ငရုတ်သီး၊ ငရုတ်သီးအရှည်၊ ငရှတ်သီးအပု၊ငရုတ်သီးအပွဆိုပြီး အမျိုးမျိုးရှိကြသည်။ငရုတ်သီးပင်သည် နွေ၊မိုး၊ ဆောင်းရာသီမရွေး ဖူးဖွင့်ကာ အသီးသီးလျက်ရှိ သည်။ဘားအံမြို့၏ဈေးကွက်တွင် ငရုတ်သီးစိမ်းဈေးအနည်းငယ် ကျဆင်းခဲ့ကြောင်းသိရသည်။ ငရုတ်သီးစိမ်းကို ဘားအံမြို့အနီးတဝိုက်ကျေးရွာများတွင် တစ်နိုင်တစ်ပိုင်စိုက်ပျိုးကြသည့်အပြင် စီးပွားဖြစ်လည်းစိုက်ပျိုးကြပါသည်။

          ဈေးနှုန်းအနေဖြင့် မိုးမျှာ်ငရုတ်သီးလက်ကားဈေးနှုန်း တစ်ပိဿာလျှင် (၈၀၀၀) ကျပ်နှင့် လက်လီဈေးနှုန်း တစ်ပိဿာလျှင်   (၁၀၀၀၀၊၁၂၀၀၀) ကျပ်၊ငရုတ်သီးအရှည် လက်ကားဈေးနှုန်း တစ်ပိဿာလျှင် (၅၀၀၀) ကျပ်နှင့်လက်လီဈေးနှုန်း(၇၀၀၀)ကျပ်၊ ငရုတ်သီးအပွလက်ကားဈေးနှုန်း တစ်ပိဿာလျှင် (၂၅၀၀)ကျပ်နှင့်လက်လီဈေးနှုန်းတစ်ပိဿာလျှင်(၃၀၀၀၊၃၅၀၀)ကျပ် တို့ဖြင့် အ ရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း  သိရပါသည်။

          ကရင်ပြည်နယ်ဒေသအတွင်း ဖြစ်ပေါ်နေသော ဩဂုတ်လ နောက်ဆုံးပတ်နှင့် စက်တင်ဘာလ ပထမပတ်ဈေးနှုန်း နှိုင်းယှဉ်မှုများအရ ကရင်ပြည်နယ်အတွင်း ငရုတ်သီးဈေးနှုန်း အနည်းငယ်ကျဆင်းခဲ့ကြောင်း သိရပါသည်။    

DOCA(ကရင်)