စက်သုံးဆီရောင်းချသည့်ဆိုင်များအား အထူးဈေးကွက်စောင့်ကြည့်စစ်ဆေး

Powered by Drupal

        စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ရွှေဘိုခရိုင်ဦးစီးမှူးရုံးအနေဖြင့် ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများကို လစဉ်စီမံချက်များပြည့်မီအောင် ဆောင်ရွက်လျက်ရှိပြီး လိုအပ်ပါက အထူးဈေးကွက်စောင့်ကြည့်ခြင်းလုပ်ငန်းများဆောင်ရွက်လျက်ရှိရာ (၃-၉-၂၀၂၄)ရက်နေ့၊ နံနက်(၁၀:၀၀)နာရီအချိန်တွင် ရွှေဘိုခရိုင်စားသုံးသူရေးရာဦးစီးဌာနမှ ခရိုင်ဦးစီးမှူးနှင့် ရွှေဘိုမြို့နယ်တာဝန်ခံတို့သည် ရွှေဘိုမြို့၊ အမှတ်(၁၀)ရပ်ကွက်၊ တက္ကသိုလ်လမ်းရှိ စက်သုံးဆီရောင်းချသည့်ဆိုင်(၂)ဆိုင် အားအထူးဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ပါသည်။

      ထိုသို့တွေ့ဆုံရာတွင် စက်သုံးဆီများဝယ်ယူရရှိမှု၊ သယ်ယူမှု၊ ပြန်လည်ဖြန့်ဖြူးရောင်းချမှု၊  စက်သုံးဆီအမျိုးအစားအလိုက် လက်ကျန်အခြေအနေများ၊ အမျိုးအစားလိုက်ရောင်းချသည့်ဈေးနှုန်းနှင့် LED ဘုတ်တွင်ကြေညာထားသည့်ဈေးနှုန်းကိုက်ညီမှုရှိ/မရှိစစ်ဆေးခဲ့ပြီး  စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီက နေ့စဉ်သတ်မှတ်ထုန်ပြန်ပေးသည့် ရည်ညွှန်းဈေးနှုန်းအပေါ် သယ်ယူစရိတ်၊ အခြားအထွေထွေကုန်ကျစရိတ်များပေါင်း၍ သင့်တင့်မျှတသောဈေးနှုန်းဖြင့်ရောင်းချကြရန်၊  အချင်အတွယ်နှင့်အလေးချိန်မှန်ကန်စွာရောင်းချကြရန်   အသိပညာပေးဆွေးနွေးခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)