အထက်မင်းလှမြို့၊ ဇေယျာသီရိဈေး၌ ကြက်သွန်ဖြူဈေးနှုန်းများမြင့်တက်လျက်ရှိ

Powered by Drupal

       မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ အထက်မင်းလှမြို့၊ ဇေယျာသီရိဈေးတွင် ကြက်သွန်ဖြူကို မကွေးမြို့နှင့် ရှမ်းပြည်နယ်၊ အောင်ပန်းမြို့၊ တောင်တွင်းကြီးမြို့တို့မှ အများဆုံးမှာယူရောင်းချကြောင်းသိရသည်။

        မင်းလှမြို့၊ ဇေယျာသီရိဈေးတွင် ကြက်သွန်ဖြူဈေးနှုန်းမြင့်တက်ရခြင်းမှာ သယ်ယူစရိတ်မြင့်မားခြင်းနှင့် လမ်းပန်းဆက်သွယ်ရေးအခက်အခဲတို့ကြောင့်ဖြစ်ပြီး ၂၀၂၄ခုနှစ်၊ စက်တင်ဘာလ (ပထမပတ်)တွင် ရှမ်းကြက်သွန်ဖြူ(၁)ပိဿာလျှင် ကျပ်(၂၂၀၀၀)၊ ဗမာကြက်သွန်ဖြူ(၁)ပိဿာလျှင် ကျပ်(၁၅၃၀၀)ဈေးနှုန်းဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကာ ယခင်ဩဂုတ်လ(စတုတ္ထပတ်)နှင့်နှိုင်းယှဉ်ပါက ရှမ်းကြက်သွန်ဖြူ ကျပ်(၁၂၀၀)၊ ဗမာကြက်သွန်ဖြူ ကျပ်(၅၀၀)ဈေးနှုန်းမြင့်တက်ခဲ့ ကြောင်းသိရှိရပါသည်။

DOCA(မကွေး)