ပခုက္ကူမြို့မစည်ပင်ဈေးတွင် မျှစ်ချိုများဈေးကောင်းရနေ

Powered by Drupal

       မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ပခုက္ကူမြို့မစည်ပင်ဈေး၊ အမှတ်(၂)ဈေးနှင့် ပျံကျဈေးတို့တွင် အိမ်ရှင်မများအတွက် ဟင်းချက်စရာတစ်မျိုးဖြစ်သည့် မျှစ်ချိုများအရောင်းအဝယ်ဖြစ်နေကြောင်း၊ ယခုအချိန်တွင် မျှစ်ချိုများစတင်ပေါ်ထွက်ချိန်လည်းဖြစ်သောကြောင့် ဈေးကောင်းရလျက်ရှိကြောင်း  ဈေးသည်များထံမှသိရသည်။ အိမ်ရှင်မများသည် မျှစ်များကို ကြော်ချက်၍သော်လည်းကောင်း၊ မျှစ်ထောင်းသုပ်၍သော်လည်းကောင်း၊ မျှစ်ချဉ်သိပ်၍သော်လည်းကောင်း အမျိုးမျိုးပြုလုပ်စားသုံးလျက်ရှိကြောင်းသိရှိရပါသည်။

       ပခုက္ကူမြို့မစည်ပင်ဈေး၌ ပေါက်မြို့နယ်အတွင်းရှိ တောင်ဦးမှထွက်ရှိသောမျှစ်များ၊ ယောနယ်ဒေသမှထွက်ရှိသောမျှစ်များ၊ ရှမ်းပြည်နယ်၊ တောင်ကြီးဒေသမှ ထွက်ရှိသောမျှစ်များ နေ့စဉ် ကုန်ချိန် (၄၀၀၀-၅၀၀၀) ဝင်ရောက်အရောင်အဝယ်ဖြစ်လျက်ရှိကြောင်း၊  ဩဂုတ်လတွင်ဖြစ်ပေါ်ခဲ့သည့် မျှစ်ဈေးနှုန်းမှာ  တစ်ပိဿာလျှင် ကျပ်(၅၀၀၀-၆၀၀၀)ထိဖြစ်ပြီး ယခုစက်တင်ဘာလ (ပထမပတ်)တွင် မျှစ်အချောင်းတစ်ပိဿာလျှင် ကျပ်(၄၀၀၀)၊ မျှစ်ပေါက်တစ်ပိဿာလျှင် ကျပ်(၃၅၀၀) ဖြင့် နေ့စဉ်အရောင်းအဝယ်ဖြစ်နေကြောင်း မြို့ဈေးသည်များထံမှသိရှိရပါသည်။

DOCA(မကွေး)