ပခုက္ကူမြို့တွင် ဖြစ်ပေါ်လျက်ရှိသော နဂါးမောက်သီးဈေးနှုန်းဈေးကွက်

Powered by Drupal

      မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ပခုက္ကူမြို့မစည်ပင်သာယာဈေး၊ အမှတ်(၂)ဈေးနှင့် ပျံကျဈေးတို့တွင် မန္တလေးတိုင်းဒေသကြီး၊  ကျောက်ပန်းတောင်း၊ ပုပ္ပါးဒေသမှထွက်ရှိသော နဂါးမောက်သီးများ ဝင်ရောက်အရောင်းအဝယ်ဖြစ်နေပါသည်။ နဂါးမောက်သီးမှာ နာတာရှည်ရောဂါခံစားနေရသူများ၊ နှလုံးရောဂါ၊ ဆီးချို‌ရောဂါ၊ သွေးတိုးရောဂါနှင့် အစာအိမ်အူလမ်းကြောင်းရှိသူများဝယ်ယူစားသုံးသော အသီးအနှံတစ်မျိုးလည်းဖြစ်ပါသည်။ နဂါးမောက်သီးကို ကျောက်ပန်းတောင်းမြို့နယ်၊ ပုပ္ပါးနယ်များတွင် တကွင်းတစပ် အများဆုံးစိုက်ပျိုးကြကြောင်း၊ ပခုက္ကူဈေးကွက်သို့ နေ့စဉ်ဝင်ရောက်လျက်ရှိကြောင်း မြို့မဈေးသည်များထံမှသိရှိရပါသည်။

          ပခုက္ကူမြို့မဈေးတွင်ရောင်းချနေသော နဂါးမောက်သီးဈေးနှုန်းများမှာ အလုံးအကြီးအသေးပေါ် မှုတည်၍ ဈေးနှုန်းများလည်းကွာခြားလျက်ရှိပါသည်။ နဂါးမောက်သီးအလုံးကြီးတစ်ပိဿာလျှင် ကျပ် (၃၅၀၀-၄၅၀၀)၊ အလုံးအလတ်တစ်ပိဿာလျှင် ကျပ်(၂၅၀၀)၊ အလုံးသေးတစ်ပိဿာလျှင် ကျပ် (၁၅၀၀)ဖြင့်ရောင်းချနေကြောင်း၊ နေ့စဉ်ဝင်ရောက်မှုမှာ ကုန်ချိန်(၁၀၀၀)ကျော်  ဝင်ရောက်အရောင်းအဝယ်ဖြစ်နေကြောင်း မြို့မဈေးသည်များထံမှသိရှိရပါသည်။

DOCA(မကွေး)