ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၏လမ်းညွှန်မှုဖြင့် သင်္ဃန်းကျွန်းခရိုင်အတွင်းရှိ မြို့နယ်များတွင် ချေးငွေရယူရန် လျောက်ထားသည့် MSME လုပ်ငန်းများအား ချေးငွေထုတ်ချေးပေးနိုင်ရေး (၂.၉.၂၀၂၄) ရက်နေ့၌ ခရိုင်စိစစ်ရေးကော်မတီအဖွဲ့များက တောင်ဥက္ကလာပမြို့နယ်၊ မိဂသီ(၁၈) လမ်း၊ အိမ်အမှတ် ၂၅၁ (က) ရှိ သုဝဏ္ဏဘူမိ အမှတ်တံဆိပ် အမွှေးတိုင်လုပ်ငန်းအား ပြည်တွင်းအခွန်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်ရဲတပ်ဖွဲ့၊ စက်မှုကြီးကြပ်နှင့်စစ်ဆေးရေးဦးစီးဌာန၊ မြန်မာ့စီးပွားရေးဘဏ်၊ စားသုံးသူရေးရာဦးစီးဌာနစသည့် အဖွဲ့ဝင်များမှကွင်းဆင်းဆောင်ရွက်ခဲ့ကြကြောင်း သိရှိရပါသည်။
ကွင်းဆင်းဆောင်ရွက်ရာတွင် ချေးငွေရယူရန်လျှောက်ထားသည့် လုပ်ငန်းများအတွက် သက်ဆိုင်ရာဌာနများ၏ သတ်မှတ်ထားသည့် အချက်အလက်များနှင့်ကိုက်ညီမှုရှိ/ မရှိနှင့် လက်ရှိ ဆောင်ရွက်နေသည့် လုပ်ငန်းအခြေအနေတို့ကို စိစစ်မေးမြန်းခဲ့ပြီး စားသုံးသူရေးရာဦးစီးဌာန၊ အရှေ့ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူးဦးလှစိုးက စားသုံးသူကာကွယ်ရေးဥပဒေပါ စီးပွားရေး လုပ်ငန်းရှင်၏တာဝန်များနှင့် ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းဆိုင်ရာ ပြဌန်းချက်များကို အသိပညာပေးပြောကြားခဲ့ကြောင်း သတင်းရရှိပါသည်။
DOCA(ရန်ကုန်)