၂.၉.၂၀၂၄ ရက်နေ့ နံနက် (၁၀:၃၀)နာရီအချိန်တွင် ထန်းတပင်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ စားသုံးသူရေးရာဦးစီးဌာန၊ မြောက်ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ထန်းတပင်မြို့နယ်တာဝန်ခံ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် ဌာနဆိုင်ရာများပူးပေါင်း၍ စားအုန်းဆီနှင့်ပတ်သက်သည့် အစည်းအဝေးပြုလုပ်ခဲ့ကြောင်း သိရှိရပါသည်။
အဆိုပါ အစည်းအဝေးတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ပြောကြားရာတွင် စားအုန်းဆီဖြန့်ဖြူးခြင်းနှင့်ပတ်သက်၍ မိမိတို့မြို့နယ်တွင် လူဦးရေနှင့် အညီ ပြည်သူများလက်ဝယ်သို့ ဖြန့်ဖြူးနိုင်ရန်အတွက် မှတ်တမ်းစာအုပ်စနစ်ဖြင့် ရောင်းချသွားမည်ဖြစ်ပြီး ဈေးနှုန်းမြှင့်တင်ရောင်းချခြင်းနှင့် မသမာသည့်လုပ်ဆောင်မှုများမရှိစေရေး ဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။ ထို့နောက် ဌာနဆိုင်ရာများမှလည်း တစ်ဦးချင်းအလိုက် ပြန်လည်ဆွေးနွေးတင်ပြကြပြီး အစည်းအဝေးတွင် ဌာနဆိုင်ရာအသီးသီးမှ (၂၉) ဉီးတက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။
DOCA(ရန်ကုန်)