မအူပင်မြို့ရှိ ဓာတ်မြေဩဇာဈေးနှုန်းများ အနည်းငယ်မြင့်တက်

Powered by Drupal

        မအူပင်မြို့ရှိ (၅-၉-၂၀၂၄)ရက်နေ့တွင်ဖြစ်ပေါ်ခဲ့သော  ဓာတ်မြေဩဇာတစ်အိတ်ဈေးနှုန်းမှာ ယူရီးယား(အာမို) ၈၃၀၀၀ကျပ်၊ ယူရီယား (ဩဘာ) ၇၇၀၀၀ကျပ်၊ ယူရီးယား (ရွှေနဂါး) ၇၈၀၀၀ကျပ်၊ တီစူပါ(သံကွင်း) (တရုတ်) ၁၂၂၀၀၀ကျပ်၊ ပုလဲ(ရွှေတောင်(တရုတ်) ၈၀၀၀၀ကျပ်၊ ရွှေကောမက်(ဩဘာ) ၁၃၀၀၀၀ကျပ်၊ ပိုတက်(အာမို) ၁၃၀၀၀၀ကျပ်၊ ပိုတက်(ဂျာမဏီ)၁၂၀၀၀၀ကျပ်၊ ကွန်ပေါင်း(15,15,15) (အာမို) ၁၅၈၀၀၀ကျပ်၊ ကွန်ပေါင်း ကောမက်(15,15,15) ၁၁၀၀၀၀ကျပ်၊ ကွန်ပေါင်း (18.18.18) (တရုတ်) ၁၄၅၀၀၀ကျပ်ဈေးဖြင့် အရောင်းအဝယ်ပုံမှန်ရှိကြောင်းသိရသည်။

            ယခင်အပတ်ဈေးနှုန်းနှင့်နှိုင်းယှဉ်လျှင် ယူရီးယား(အာမို) ၅၀၀ကျပ်၊ တီစူပါ(သံကွင်း) (တရုတ်) ၂၀၀၀ကျပ်၊ ရွှေကောမက်(ဩဘာ) ၅၀၀၀ကျပ်၊ ကွန်ပေါင်း(15,15,15) (အာမို) ၃၀၀၀ကျပ်ဖြင့် တစ်ပတ်အတွင်း ဈေးနှုန်းအနည်းငယ်မြင့်တက်လာပြီး ကျန်ဓာတ်မြေဩဇာဈေးနှုန်းမှာ ငြိမ်လျက်ရှိကြောင်းသိရှိရပါသည်။

DOCA(ဧရာဝတီ)