ရှမ်းတောင်ဒေသထွက်အာလူးသီးနှံများ၏ဈေးနှုန်းဈေးကွက်

Powered by Drupal

    ၂၀၂၄ခုနှစ် စက်တင်ဘာလ ပထမပတ်အတွင်း အာလူးသီးနှံ၏ ဈေးနှုန်းများမှာအာလူးအသစ် S 2  S 1    တစ်ပိဿာလျှင် ၄၅၀၀ကျပ်မှ ၅၀၀၀ကျပ်အတွင်း အာလူးအသစ် S 1 OK  တစ်ပိဿာလျှင် ၄၀၀၀ကျပ်၊ OK တစ်ပိဿာလျှင် ၃၅၀၀ကျပ်၊ A 1A1 တစ်ပိဿာလျှင် ၂၀၀၀/ ၂၅၀၀ကျပ်အတွင်း၊ ဂေါ်လီတစ်ပိဿာလျှင်၁၀၀၀/ ၁၂၀၀ကျပ်အတွင်း အသီးသီးပေါက်ဈေးရှိကြောင်းစုံစမ်းသိရှိရပါသည်။

    ၂၀၂၄ခုနှစ် ဩဂုတ်လနောက်ဆုံးပတ်နှင့်စက်တင်ဘာလ ပထမပတ်အတွင်း အာလူးသီးနှံ၏ဈေးနှုန်းများမှာ ကွာခြားချက်များစွာမရှိဘဲ ဈေးတန့်နေကြောင်း သိရှိရပါသည်။ အာလူးကုန်အသစ်များ အဝင်များလာသော်လည်း အကြော်သီးဆိုဒ်များဖြစ်သည့် S 2  S 1    များသာ ဈေးအနည်းငယ် (၅၀၀ကျပ်ခန့်) သာ မသိမသာဈေးမြင့်လာခဲ့ကြောင်း သိရှိရပါသည်။ဒေသတွင်းစားသုံးမှုနှင့် နယ်ဈေးကွက်အကြိုက် အလတ်ဆိုဒ်များဈေးကွက်ဖြုန်းအားပေါ်မှုတည်၍ ဆက်လက်ဈေးတန့်နေမည်ဟုသုံးသပ်ကြောင်း သိရှိရပါသည်။

DOCA(ရှမ်း)