ရှမ်း(တောင်)ကြက်သွန်ဖြူမှာလည်း တရုတ်ကြက်သွန်ဖြူ(ကြူကုတ်)အဝင်မရှိတော့သည့်အတွက် ရှမ်းကြက်သွန်ဖြူသာ ဈေးကွက်တွင်ဦးဆောင်နေပါသည်။ ကြက်သွန်ဖြူမျိုးခြား တစ်ပိဿာ လျှင်၁၀၀၀၀ကျပ်ခန့်လည်းကောင်း၊ ထူး-၁ တစ်ပိဿာ ၁၁၀၀၀ကျပ်၊ထူး-၂တစ်ပိဿာ ၁၂၀၀၀ကျပ်၊ ထူး-၃ တစ်ပိဿာ ၁၂၅၀၀ကျပ်၊ ထူး-၄တစ်ပိဿာ ၁၃၀၀၀ကျပ်၊ ထူး-၅ တစ်ပိဿာ ၁၃၅၀၀ ကျပ်နှင့် ထူးလွန်တစ်ပိဿာ ၁၄၀၀၀ကျပ်ခန့်အသီးသီးပေါက်ဈေးရှိနေပြီးယခင်အပတ်များတွင် ကုန်စည်အဝင်ပါး၍ ဈေးမြင့်တက်ခဲ့ရာမှ ယခုတစ်ပတ်၌ ဈေးအနည်းငယ်အေးလာခဲ့ကြောင်း သိရှိရပါသည်။
ပြည်ပဈေးကွက်ရှိပြီး ပြည်တွင်းသုံးစွဲမှုများပြားသည့် နနွင်းသီးနှံမှာ ဈေးမပြောင်းဘဲ တောင်ပို့လ(ရှယ်) တစ်ပိဿာလျှင် ၁၂၅၀၀ကျပ်၊ တောင်ပို့လ(လတ်) တစ်ပိဿာလျှင် ၁၂၀၀၀ ကျပ်နှင့် ဆင်တောင် (ရှယ်) ၁၀၅၀၀ ကျပ်၊ ဆင်တောင် (လက်) ၁၀၀၀၀ကျပ်နှင့် အညံ့စရောရာ ၉၅၀၀ကျပ် ဖြင့် ရောင်းဝယ်ဖောက်ကားလျှက်ရှိကြောင်း သိရှိရပါသည်။