
မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မကွေးဈေးကွက်သို့ မြို့နယ်အတွင်းရှိ မိကျောင်းရဲ၊ လျောင်းတော်ဦး၊ ကံသစ်၊ ရွာဟောင်းကန်၊ သစ်ရာကောက် စသည့်ကျေးရွာများနှင့် စလင်း၊ ဆင်ဖြူကျွန်း၊ မင်းဘူး၊ မြို့သစ်၊ နတ်မောက်မြို့တို့မှထွက်ရှိသော ပဲတီစိမ်း၊ ပဲနှောက်၊ ကုလားပဲ၊ ပဲကြီး၊ စားတော်ပဲ၊ မတ်ပဲနှင့် အခြားပဲမျိုးစုံများ ဝင်ရောက်ရောင်းဝယ်ဖောက်ကားလျက်ရှိပါသည်။
၂၀၂၄ခုနှစ်၊ စက်တင်ဘာလ(ပထမပတ်)တွင် ကုလားပဲဟော်လန်(၁)တင်းလျှင် ကျပ်(၉၄၅၀၀)၊ ပဲကြီးဖြူ(၁)တင်းလျှင် ကျပ်(၈၅၀၀၀)၊ မြေပဲ(အောက်ကျဆီဆန်)(၁)ပိဿာလျှင် ကျပ်(၆၇၀၀)၊ မြေပဲလုံးဆန် (ဖြူ)(နီ)(၁)ပိဿာလျှင် ကျပ်(၈၄၀၀)၊ မတ်ပဲ(၁)တင်းလျှင် ကျပ်(၁၃၀၀၀၀)၊ စားတော်ပဲ(၁)တင်းလျှင် ကျပ် (၁၄၀၀၀၀)၊ တို့ဖြင့်အရောင်းအဝယ်ဖြစ်လျက်ရှိပြီး ကျန်ပဲဈေးနှုန်းများမှာ တည်ငြိမ်လျက်ရှိကြောင်း၊ ဩဂုတ်လ(စတုတ္ထပတ်)နှင့်နှိုင်းယှဉ်ပါက ယခုအပတ်တွင် ကုလားပဲဟော်လန် ကျပ်(၃၀၀၀)၊ မြေပဲလုံးဆန်(ဖြူ) ကျပ်(၁၀၀၀)၊ မြေပဲလုံးဆန် (နီ) ကျပ်(၆၀၀)၊ မြေပဲဆီဆန်(အောက်ကျ) ကျပ်(၁၆၀၀) ဈေးကျခဲ့ပြီး မတ်ပဲ (၅၀၀၀)၊ စားတော်ပဲ ကျပ်(၂၁၅၀၀) ဈေးမြင့်တက်ခဲ့ကြောင်း၊ တင်ပို့မှုအနေဖြင့် တစ်ပတ်အတွင်း ရန်ကုန်မြို့သို့ ကုလားပဲအိတ်(၁၀၀၀)၊ မြေပဲအိတ်(၂၀၀၀)၊ ပဲကြီး(၂၀၀)၊ စုစုပေါင်းအိတ်ရေ (၃၂၀၀) တင်ပို့ခဲ့ပြီး တန်ချိန် (၃၆၅) အရောင်းအဝယ်ဖြစ်ခဲ့ကြောင်းသိရှိရပါသည်။
DOCA(မကွေး)