ပခုက္ကူမြို့၊ အမှတ်(၃) အခြေခံပညာအထက်တန်းကျောင်း၌ စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေးဟောပြောဆွေးနွေး

Powered by Drupal

     မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ ရေစကြိုမြို့နယ်တာဝန်ခံနှင့်ဝန်ထမ်းများသည် (၆-၉-၂၀၂၄)ရက်နေ့၊ နံနက်(၁၀:၃၀)နာရီအချိန်တွင် ပခုက္ကူမြို့၊ အမှတ်(၃) အခြေခံပညာအထက်တန်းကျောင်း၌ စားသုံးသူများအသိပညာတိုးပွားစေရေး၊ စားသုံးသူအခွင့်အရေးကိုသိရှိပြီး ရယူတောင်းဆိုတတ်စေရေး၊ နစ်နာဆုံးရှုံးမှုများဖြစ်ပေါ်လာပါက တိုင်ကြားခွင့်နှင့် ပြန်လည်ကုစားခွင့်များရရှိမှုကိုသိရှိနိုင်စေရေးရည်ရွယ်၍ စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောဆွေးနွေးခဲ့ကြောင်းသိရသည်။

     ရေစကြိုမြို့နယ်တာဝန်ခံက စားသုံးသူ၊ ကုန်စည်၊ ဝန်ဆောင်မှု၊ စီးပွားရေးလုပ်ငန်းရှင်တို့၏ အဓိပ္ပါယ်ရှင်းလင်းချက်များကိုလည်းကောင်း၊ သတင်းအချက်အလက်နည်းပညာနှင့်အရည်အသွေးစီမံခန့်ခွဲရေးတာဝန်ခံက ကမ္ဘာ့စားသုံးသူအခွင့်အရေးများနေ့ပေါ်ပေါက်လာပုံအကြောင်းနှင့် Online ဖြင့် ဈေးဝယ်ယူရာတွင် စားသုံးသူများသိထားသင့်သည့်အချက်များ အကြောင်းကိုလည်းကောင်း၊ မူဝါဒလေ့လာရေးနှင့်စီမံကိန်းစာရင်းဌာနခွဲမှဝန်ထမ်းက ကုန်အညွှန်းအမှတ်အသားဆိုင်ရာ အကြောင်းအရာများကိုလည်းကောင်း ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(မကွေး)