![](http://www.doca.gov.mm/sites/default/files/styles/consumer_inner_image__847x424_/public/၅၈.png?itok=lAIKUUpE)
စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံး၏ လမ်းညွှန်မှာကြားချက်အရ ပြည်တွင်းဆေးဝါးပြတ်လပ်မှုမရှိစေရေး အရှေ့ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူး ဦးလှစိုး ဦးဆောင်၍ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ၊ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန(ရန်ကုန်)၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန စသည့်ဌာနများပူးပေါင်း၍ ၁၀-၉-၂၀၂၄ ရက်နေ့၊ နေ့လယ် (၁၂:၀၀) နာရီအချိန်တွင် အမှတ် (၆)၊ မြို့ပတ်လမ်း၊ အနော်မာ (၁) ရပ်ကွက်၊ သာကေတမြို့နယ်ရှိ Medi Link Pharmacy Co., Ltd မှ တာဝန်ခံနှင့် တွေ့ဆုံ၍ ကုမ္ပဏီအတွင်းရှိဆေးဝါးများအား စစ်ဆေးမေးမြန်းမှုများပြုလုပ်ခဲ့ကြောင်းသိရှိရပါသည်။
ထိုသို့စစ်ဆေးမေးမြန်းရာတွင် ဆေးဆိုင်တွင် ဆေးအမျိုးပေါင်း (၂၀၀)ကျော်ရှိပြီး သွေးကျဆေး၊ ချောင်းဆိုးပျောက်(ငုံ)ဆေး၊ အကိုက်ခဲပျောက်ဆေး၊ လေဆေး၊ အစာအိမ်ဆေး၊ ဆီးချို ဆေး၊ သန္ဓေတားဆေး၊ ကိုယ်ဝန်ဆောင်အားဆေး၊ အရက်ပြန်တို့မှာ ရောင်းအားကောင်းသောဆေးများဖြစ်ပြီး TTO, Sun, Myanmar Bright Brother, United Pharma, BPI, Mercury စသည့် ဆေးကုမ္ပဏီများမှ ဝယ်ယူရောင်းချပြီး၊ ဝယ်ယူသည့်ဈေးနှုန်း၊ ပစ္စည်းပြတ်လပ်မှုရှိ/ မရှိ၊ ဖြစ်သင့်ဖြစ်ထိုက်သည့်ဈေးနှုန်းထက် ဈေးနှုန်းမြှင့်တင်ရောင်းချမှုရှိ/ မရှိတို့ကိုစစ်ဆေးခဲ့ ကြောင်း သတင်းရရှိပါသည်။
DOCA(ရန်ကုန်)