“ ကွမ်းခြံကုန်းမြို့နယ်ရှိ သောက်ရေသန့်အမျိုးမျိုးရောင်းချသောဆိုင်များအား ကွင်းဆင်းစစ်ဆေးခြင်း

Powered by Drupal

      ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကွမ်းခြံကုန်းမြို့နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်တာဝန်ခံရုံးမှ ဝန်ထမ်းများသည် ရုံးချုပ်၏ညွှန်ကြားချက်အရ ဦးစားပေးကုန်စည်(၁၀)မျိုး တွင် စက်တင်ဘာလအတွင်းစစ်ဆေးရမည့် သောက်ရေသန့်အမျိုးမျိုးကိုစစ်ဆေးနိုင်ရန် စက်တင်ဘာလ (၁၀)ရက်နေ့၊ နံနက်(၀၉:၀၀)နာရီအချိန်တွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ မြို့နယ်စားသုံးသူရေးရာဦးစီးဌာနတို့ပူးပေါင်းကာ ကွမ်းခြံကုန်းမြို့နယ်၊ ဈေးပိုင်ရပ်ကွက်အတွင်း သောက်ရေသန့်အမျိုးမျိုးရောင်းချသောဆိုင်များသို့သွားရောက်၍ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်းသိရသည်။

        ထိုသို့ကွင်းဆင်းစစ်ဆေးခဲ့ရာတွင် သောက်ရေသန့်အမျိုးမျိုးရောင်းချသည့်ဆိုင်များဖြစ်သည့် စိတ်တိုင်းကျ(ရေသန့်အမျိုးမျိုးနှင့် ကုန်မျိုးစုံရောင်းဝယ်ရေး)မှ Asia သောက်ရေသန့်၊ Life သောက်ရေသန့်၊ ရွှေကျွန်းမြေသောက်ရေသန့်တို့ကိုလည်းကောင်း ဦးဟုတ်စိန်+ဒေါ်ခင်ရီ (ကုန်စုံဆိုင်) မှ ismart water သောက်ရေသန့်နှင့် အောင်ချမ်းသာ (အဖျော်ယာမကာအမျိုးမျိုးနှင့် အအေးမျိုးစုံရောင်းဝယ်ရေးဆိုင်)မှ Dasani သောက်ရေသန့်တို့တွင် ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာဖော်ပြထားခြင်းရှိ/မရှိ၊ သက်ဆိုင်ရာဌာနဖြစ်သည့် FDA ၏ထောက်ခံချက်များပါရှိမှု ရှိ/မရှိတို့ကိုစစ်ဆေးခဲ့ပြီး ထောက်ခံချက်ပါရှိသော သောက်ရေသန့်များကိုသာ မိမိတို့၏ဆိုင်များတွင်ရောင်းချသွားကြရန် အသိပညာပေးကွင်းဆင်းစစ်ဆေးခဲ့ကြောင်းသိရှိရပါသည်။

DOCA(ရန်ကုန်)