![](http://www.doca.gov.mm/sites/default/files/styles/consumer_inner_image__847x424_/public/၆၅_6.jpg?itok=OAy10tqe)
ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးခရိုင်၊ တိုက်ကြီးမြို့နယ်တွင် ၂၀၂၄-၂၀၂၅ မိုးစပါးစိုက်ပျိုးရာသီ၌ မိုးစပါးစိုက်ပျိုးရန် (၁၂၇၈၉၃)ဧကလျာထားစိုက်ပျိုးခဲ့ပြီး မိုးရာသီလှိုင်းမြစ်ရေမြင့်တက်ခြင်းကြောင့် စိုက်ဧကခြောက်သောင်းကျော် ရေလွှမ်းမိုးမှုဖြစ်ပေါ်ခဲ့ကာ ဧကငါးသောင်းကျော်ပျက်စီးမှုဖြစ်ခဲ့သည့်အတွက် ပြန်လည်စိုက်ပျိုးခဲ့ရာ စက်တင်ဘာလ ဒုတိယပတ်အထိ ဧကသုံးသောင်းခွဲခန့်စိုက်ပျိုးပြီးစီးခဲ့ပါသည်။ သက်ဆိုင်ရာတာဝန်ရှိသူများက မိုးစပါးနှင့်ဓာတ်မြေဩဇာများထောက်ပံ့ထားပြီး စိုက်ပျိုးရန်ကျန်ရှိသောဧကများအား အချိန်မီစိုက်ပျိုးနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်းသိရှိရပါသည်။
DOCA(ရန်ကုန်)