စားသုံးသူရေးရာဦးစီးဌာန၊ မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ ချောင်းဆုံမြို့နယ်တာဝန်ခံသည် ၁၁-၉-၂၀၂၄ ရက်နေ့တွင် မြို့နယ်ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့နှင့်ပူးပေါင်း၍ ချောင်းဆုံမြို့နယ်အတွင်းရှိ ဆေးဆိုင်များတွင် ဆေးဝါးအတုများရောင်းချခြင်းရှိ/မရှိ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများဆောင်ရွက်ခဲ့ကြောင်းသိရှိရသည်။
ထိုသို့စစ်ဆေးရာ၌ ချောင်းဆုံမြို့နယ်အတွင်းရှိ ဆေးဆိုင်များတွင် မြန်မာနိုင်ငံဆေးဝါးမှတ်ပုံတင်ရရှိထားသော Novo Nordisk Production SAS, France ထုတ် Mixtard 30 100 IU/ML Suspension for Injection ဆေးဝါးနှင့် Brand Name ဆင်တူသော ဆေးဝါးအတုများရောင်းချခြင်းရှိ/မရှိကိုစစ်ဆေးခဲ့ရာ ဆေးဝါးအတုများရောင်းချခြင်းမရှိကြောင်းသိရှိရပါသည်။
DOCA(မွန်)