ပခုက္ကူမြို့၏ စက်တင်ဘာလ(ပထမပတ်) ဘိလပ်မြေဈေးနှုန်းဈေးကွက်

Powered by Drupal

      မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့ပေါ်ရှိ ငွေသရဖူ၊ ဒို့တောင်သူ၊ ကျော်၊ မိုးမခ၊ သီဟကမ္ဘာနှင့် သိန်းဘိလပ်မြေနှင့်အိမ်ဆောက်ပစ္စည်းအရောင်းဆိုင်များတွင် ရောင်းချနေသော ဘိလပ်မြေ အမျိုးအစားများမှာ ကြံ့နှစ်ကောင်၊ အယ်လ်ဖာ၊ အပါချီတို့ဖြစ်ပြီး ယခုတစ်ပတ်တွင် အပါချီဘိလပ်မြေ ဈေးနှုန်းမြင့်တက်လာကြောင်း သိရသည်။

    ၂၀၂၄ခုနှစ်၊ စက်တင်ဘာလ(ပထမပတ်)တွင် အရောင်းအဝယ်ဖြစ်ခဲ့သောဈေးနှုန်းများမှာ ကြံ့နှစ်ကောင် တစ်အိတ်လျှင် ကျပ် (၁၁၃၀၀)၊ အယ်လ်ဖာ တစ်အိတ်လျှင် ကျပ် (၁၁၂၀၀) ၊အပါချီ တစ်အိတ်လျှင် ကျပ်(၁၂၈၀၀)ဖြစ်ပြီး ဩဂုတ်လ(စတုတ္ထပတ်)နှင့်ဈေးနှုန်းနှိုင်းယှဉ်ပါက ကြံ့နှစ် ကောင် တစ်အိတ်လျှင် ကျပ်(၂၀၀)၊ အယ်လ်ဖာ တစ်အိတ်လျှင် ကျပ်(၃၀၀)ခန့် ဈေးကျ၍ အပါချီ တစ်အိတ်လျှင် ကျပ် (၈၀၀)ခန့်ဈေးတက်လာကြောင်း သိရှိရပါသည်။

DOCA(မကွေး)