တောင်ငူမြို့တွင် ငါးရံ့ဈေးအနည်းငယ်မြင့်တက်

Powered by Drupal

      တောင်ငူမြို့တွင် မွေးမြူရေးငါးများဖြစ်သော ငါးကြင်းမှာ တစ်ပိဿာလျှင် ၁၄၀၀၀ကျပ်မှ ၁၆၀၀၀ကျပ်ဖြင့် ဈေးနှုန်းတည်ငြိမ်နေပြီး ငါးကြင်းဖြူမှာ တစ်ပိဿာလျှင် ယခင်ဩဂုတ်လနောက်ဆုံးပတ်က ၂၀၀၀၀ကျပ်ရှိခဲ့ရာမှ ယခုစက်တင်ဘာလ၊ ဒုတိယအပတ်တွင် တစ်ပိဿာလျှင် ၂၂၀၀၀ကျပ်ဖြင့် ဈေးနှုန်း ၂၀၀၀ကျပ်ခန့်ဖြင့် ဈေးနှုန်းမြင့်တက်လျက်ရှိပါသည်။

        ဒေသတွင်းမြစ်ချောင်းအင်းအိုင်များမှရသော ငါးခူမှာ ယခင်ဩဂုတ်လ နောက်ဆုံးပတ်တွင် တစ်ပိဿာလျှင် ၂၀၀၀၀ကျပ်မှ ၂၂၀၀၀ကျပ်အထိရှိခဲ့ရာမှ ယခုစက်တင်ဘာလ၊ ဒုတိယအပတ်တွင် တစ်ပိဿာလျှင် ၂၃၀၀၀ကျပ်ရှိသဖြင့် တစ်ပိဿာလျှင် ၁၀၀၀ကျပ်ဈေးနှုန်းမြင့်တက်လာပါသည်။

           ငါးရံ့မှာ တစ်ပိဿာလျှင် ၂၀၀၀၀ကျပ်ဖြင့် ဈေးနှုန်းတည်ငြိမ်နေကြောင်း တောင်ငူမြို့ရှိ သားငါးအရောင်းဆိုင်များမှသိရှိရပါသည်။

DOCA(ပဲခူး)