![](http://www.doca.gov.mm/sites/default/files/styles/consumer_inner_image__847x424_/public/၁၀၈_6.jpg?itok=dOQg8WGf)
တောင်ငူမြို့၊ ညောင်ပင်ဈေးတွင် ခရမ်းချဉ်သီး(အချိုသီး)မှာ ယခင်ဩဂုတ်လ၊ နောက်ဆုံးအပတ်တွင် တစ်ပိဿာလျှင် (၁၆၀၀)ကျပ်မှ (၂၀၀၀)ကျပ်အထိရှိခဲ့ရာမှ ယခုစက်တင်ဘာလ၊ဒုတိယအပတ်တွင် တစ်ပိဿာလျှင် (၁၀၀၀)ကျပ်မှ (၁၅၀၀)ကျပ်အထိဖြင့် ဈေးနှုန်း ၅၀၀ကျပ်၊ ခရမ်းချဉ်သီး (အချဉ်သီး)မှာ ယခင်ဩဂုတ်လတွင် တစ်ပိဿာလျှင် (၂၅၀၀)ကျပ်မှ (၃၀၀၀)ကျပ်အထိရှိခဲ့ရာမှ ယခုအပတ်တွင် တစ်ပိဿာလျှင် (၂၀၀၀) ကျပ်မှ (၂၅၀၀) ကျပ်ဖြင့် ဈေးနှုန်းတစ်ပိဿာလျှင် ၅၀၀ကျပ်ကျဆင်းလာပါသည်။
ခရမ်းသီး(ရှည်/အညို)မှာ တစ်ပိဿာလျှင် ၂၂၀၀ကျပ်မှ ၂၅၀၀ကျပ်အထိ၊ ခရမ်းသီး (ရှည်/ အဖြူ)မှာ တစ်ပိဿာလျှင် ၁၈၀၀ကျပ်မှ ၂၀၀၀ကျပ်အထိဖြင့် ဈေးနှုန်းတည်ငြိမ်နေပြီး (ပြုတ်သီး) ခေါ် ပြုတ်၍ အတို့အဖြစ်စားသုံးကြသော ခရမ်းသီးအသေးများမှာ ယခင်ဩဂုတ်လ၊ နောက်ဆုံးအပတ်တွင် တစ်ပိဿာလျှင် ၂၅၀၀ကျပ်မှ ၃၀၀၀ကျပ်အထိရှိခဲ့ရာမှ ယခုစက်တင်ဘာလ၊ ဒုတိယအပတ်တွင် တစ်ပိဿာလျှင် ၃၅၀၀ကျပ်မှ ၄၉၀၀ကျပ်အထိဖြင့် တစ်ပိဿာလျှင် ၁၀၀၀ကျပ်နှုန်းဖြင့် ဈေးနှုန်းမြင့်တက်လာပါသည်။
ခရမ်းသီးအဝိုင်းနှင့် ခရမ်းကြွပ်သီးများလည်းပေါ်နေပြီဖြစ်ရာ ပေါ်ကာစအချိန်တွင် ခရမ်းသီး (ဝိုင်း/ အဖြူ)တစ်ပိဿာလျှင် ၂၈၀၀ကျပ်မှ ၃၀၀၀ကျပ်အထိ၊ ခရမ်းသီး(ဝိုင်း/အညို)တစ်ပိဿာလျှင် ၃၂၀၀ကျပ်မှ ၃၅၀၀ကျပ်အထိနှင့် ခရမ်းကြွပ်သီးတစ်ပိဿာလျှင် ၂၅၀၀ကျပ်မှ ၃၀၀၀ကျပ်အထိရောင်းချရကြောင်းသိရှိရပါသည်။
DOCA(ပဲခူး)