Main menu

တောင်ငူမြို့တွင် ခရမ်းချဉ်သီးများ ဈေးကျ

Powered by Drupal

        တောင်ငူမြို့၊  ညောင်ပင်ဈေးတွင် ခရမ်းချဉ်သီး(အချိုသီး)မှာ  ယခင်ဩဂုတ်လ၊ နောက်ဆုံးအပတ်တွင် တစ်ပိဿာလျှင် (၁၆၀၀)ကျပ်မှ (၂၀၀၀)ကျပ်အထိရှိခဲ့ရာမှ ယခုစက်တင်ဘာလ၊ဒုတိယအပတ်တွင် တစ်ပိဿာလျှင် (၁၀၀၀)ကျပ်မှ (၁၅၀၀)ကျပ်အထိဖြင့် ဈေးနှုန်း ၅၀၀ကျပ်၊ ခရမ်းချဉ်သီး (အချဉ်သီး)မှာ ယခင်ဩဂုတ်လတွင် တစ်ပိဿာလျှင် (၂၅၀၀)ကျပ်မှ (၃၀၀၀)ကျပ်အထိရှိခဲ့ရာမှ ယခုအပတ်တွင် တစ်ပိဿာလျှင် (၂၀၀၀) ကျပ်မှ (၂၅၀၀) ကျပ်ဖြင့် ဈေးနှုန်းတစ်ပိဿာလျှင် ၅၀၀ကျပ်ကျဆင်းလာပါသည်။

         ခရမ်းသီး(ရှည်/အညို)မှာ တစ်ပိဿာလျှင် ၂၂၀၀ကျပ်မှ ၂၅၀၀ကျပ်အထိ၊ ခရမ်းသီး (ရှည်/ အဖြူ)မှာ တစ်ပိဿာလျှင် ၁၈၀၀ကျပ်မှ ၂၀၀၀ကျပ်အထိဖြင့် ဈေးနှုန်းတည်ငြိမ်နေပြီး (ပြုတ်သီး) ခေါ် ပြုတ်၍ အတို့အဖြစ်စားသုံးကြသော ခရမ်းသီးအသေးများမှာ ယခင်ဩဂုတ်လ၊ နောက်ဆုံးအပတ်တွင် တစ်ပိဿာလျှင် ၂၅၀၀ကျပ်မှ ၃၀၀၀ကျပ်အထိရှိခဲ့ရာမှ ယခုစက်တင်ဘာလ၊ ဒုတိယအပတ်တွင် တစ်ပိဿာလျှင် ၃၅၀၀ကျပ်မှ ၄၉၀၀ကျပ်အထိဖြင့် တစ်ပိဿာလျှင် ၁၀၀၀ကျပ်နှုန်းဖြင့် ဈေးနှုန်းမြင့်တက်လာပါသည်။

           ခရမ်းသီးအဝိုင်းနှင့် ခရမ်းကြွပ်သီးများလည်းပေါ်နေပြီဖြစ်ရာ ပေါ်ကာစအချိန်တွင် ခရမ်းသီး (ဝိုင်း/ အဖြူ)တစ်ပိဿာလျှင် ၂၈၀၀ကျပ်မှ ၃၀၀၀ကျပ်အထိ၊ ခရမ်းသီး(ဝိုင်း/အညို)တစ်ပိဿာလျှင် ၃၂၀၀ကျပ်မှ ၃၅၀၀ကျပ်အထိနှင့် ခရမ်းကြွပ်သီးတစ်ပိဿာလျှင် ၂၅၀၀ကျပ်မှ ၃၀၀၀ကျပ်အထိရောင်းချရကြောင်းသိရှိရပါသည်။

DOCA(ပဲခူး)