အထက်မင်းလှမြို့နယ်၊ ဥယျာဉ်ကျေးရွာ၌ မိုးနှမ်း(နှမ်းဖြူ)ဈေးကောင်းရရှိ၍ တောင်သူများ အဆင်ပြေလျက်ရှိ

Powered by Drupal

    မကွေးတိုင်းဒေသကြီး၊ အထက်မင်းလှမြို့နယ်၊ ပန်းတော်ပြင်ကျေးရွာအုပ်စုရှိ ဥယျာဉ်ကျေးရွာတွင် စပါး၊ ခရမ်းချဉ်သီး၊ ကြက်သွန်နီ၊ ကုလားပဲ၊ မြေပဲ၊ စားတော်ပဲ၊ နှမ်းနှင့် အခြားမီဖိုးချောင်သုံး သီးနှံများကို ရာသီအလိုက်စိုက်ပျိုးလျက်ရှိပြီး မိုးနှမ်းစိုက်ဧက(၂၅၀)ဧကကို မေလတွင် စတင်စိုက်ပျိုးပြီး ဩဂုတ်လ(စတုတ္ထပတ်)တွင် ရိတ်သိမ်းပြီးဖြစ်ကြောင်း သိရသည်။

    ဥယျာဉ်ကျေးရွာနေ တောင်သူဦးဇော်အောင်က ၎င်းအနေဖြင့် မိုးနှမ်းစိုက်ဧက(၈)ဧကခန့် စိုက်ပျိုးကြောင်း၊ မျိုးအနေဖြင့် နှမ်းဖြူမျိုးကို ထွန်ကြောင်းဆွဲအစေ့ချစနစ်ဖြင့် စိုက်ပျိုးပြီး (၁)ဧကလျှင် မျိုး(၃)ပြည်ခန့်ကုန်ကျကြောင်း၊ အထွက်နှုန်းအနေဖြင့် (၁)ဧကလျှင် (၁၀)တင်းထွက်ရှိပြီး (၁)တင်းလျှင် ကျပ်(၁၂၇၀၀၀)ရရှိကြောင်း၊ (၁)ဧကလျှင် သွင်းအားစု၊ လုပ်အားခအပါအဝင် ကျပ်(၃၀၀၀၀၀)ခန့် ကုန်ကျပြီး အကျိုးအမြတ်အနေဖြင့် ကျပ်(၉၇၀၀၀၀)ခန့်ရရှိကြောင်း သိရသည်။ ဈေးကွက်အနေဖြင့် အထက်မင်းလှမြို့ရှိ ပွဲရုံများသို့ရောင်းချပြီး ထိုပွဲရုံများမှတဆင့် မန္တလေးမြို့၊ ရန်ကုန်မြို့သို့တဆင့် တင်ပို့ကြောင်း၊ ပြည်ပဈေးကွက်အနေဖြင့် တရုတ်နိုင်ငံ၊ စင်ကာပူနိုင်ငံသို့တင်ပို့ကြောင်း၊ အထက်မင်းလှမြို့နယ်၌ ယခုနှစ်မိုးနှမ်းစိုက်ပျိုးမှုတွင် အထွက်နှုန်းလျော့နည်းသော်လည်း ဈေးကောင်းရရှိသောကြောင့် တောင်သူများအနေဖြင့် အဆင်ပြေလျက်ရှိကြောင်း သိရှိရပါသည်။

DOCA(မကွေး)