ဆီလုပ်ငန်းရှင်နှင့်တွေ့ဆုံ

Powered by Drupal

       ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ်တွင် ၂၀၂၄ခုနှစ်၊ စက်တင်ဘာလ (၁၀) ရက်နေ့၊ နေ့လယ်(၁၅:၃၀)နာရီအချိန်တွင် အုတ်ဖိုမြို့နယ်ရှိ စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်တာဝန်ခံရုံးမှ မြို့ နယ်တာဝန်ခံနှင့် တာဝန်ရှိဝန်ထမ်းများသည် အုတ်ဖိုမြို့နယ်ဆီစက်နှင့် ဆီကုန်သည်အသင်းမှ စားအုန်းဆီဖြန့်ဖြူးရောင်းချလျက်ရှိသော လုပ်ငန်းရှင်များနှင့်တွေ့ဆုံ၍ မြို့နယ်အတွင်း ဖြန့်ဖြူးရောင်းချနေသော လုပ်ငန်းရှင်များနှင့်တွေ့ဆုံကာ မြို့နယ်အတွင်း ဖြန့်ဖြူးရောင်းချနေမှုအခြေအနေများအားမေးမြန်း၍ ညှိနှိုင်းဆွေးနွေးခဲ့ကြပါသည်။

         အသင်းဥက္ကဋ္ဌနှင့် အသင်းသားများက စားအုန်းဆီဖြန့်ဖြူးရောင်းချနေမှုအခြေအနေ၊ အခက်အခဲများအား ပွင့်လင်းစွာဆွေးနွေးခဲ့ကြပြီး စားသုံးသူများအား အိမ်ထောင်စုဇယားအလိုက် ဆီဝယ်ယူခွင့်စာအုပ်များဖြန့်ဖြူးမှုကို ရှင်းလင်းဆွေးနွေးခဲ့ကြပါသည်။ စားအုန်းဆီဝယ်ယူသူများအား ဝယ်ယူခွင့်စာအုပ်များရရှိချိန်မှစ၍ ဝယ်ယူခွင့်ကာလသတ်မှတ်ခြင်း၊ ဝယ်ယူချိန်များ သတ်မှတ်ခြင်းများသတ်မှတ်ဆုံးဖြတ်ခြင်း၊ ရောင်းချသူများအနေဖြင့်လည်း အလေးချိန်မှန်ကန်စွာရောင်းချရန်၊ သတ်မှတ်ဈေးနှုန်းဖြင့်သာရောင်းချကြရန်၊ ရောနှောရောင်းချမှုမျိုးမပြုလုပ်ကြစေရန်၊ စည်းကမ်းသတ်မှတ်ချက်များကိုမလိုက်နာပါက အရေးယူဆောင်ရွက်မည့် အခြေအနေများအား ရှင်းလင်းပြောကြားခဲ့ကြောင်းသိရှိရပါသည်။

DOCA(ပဲခူး)