စစ်ကိုင်းတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူးရုံး၌ Monkeypox မျောက်ကျောက်ရောဂါသိကောင်းစရာနှင့် ရောဂါကာကွယ်ထိန်းချုပ်ရေး၊ ကုသရေးလုပ်ငန်းစဉ်များနှင့် ဆောင်ရွက်ထားရှိမှုများအကြောင်း ရှင်းလင်းဆွေးနွေး

Powered by Drupal

         စစ်ကိုင်းတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူးရုံးအစည်းအဝေးခန်းမ၌  ၁၂-၉-၂၀၂၄ ရက်နေ့၊ နေ့လယ် (၁၄း၀၀) နာရီအချိန်တွင် ခေတ္တတိုင်းဒေသကြီးဦးစီးမှူးသည်   Monkeypox မျောက်ကျောက်ရောဂါသိကောင်းစရာနှင့် ရောဂါကာကွယ်ထိန်းချုပ်ရေး၊ ကုသရေးလုပ်ငန်းစဉ်များနှင့် ဆောင်ရွက်ထားရှိမှုများအကြောင်းကို ရှင်းလင်းဆွေးနွေးခဲ့ရာ အရာထမ်းများ၊ အမှုထမ်းများ၊ စုစုပေါင်း ( ၄၀ ) ဦးတက်ရောက်ခဲ့ကြောင်းသိရပါသည်။

          အဆိုပါအခမ်းအနားတွင် ခေတ္တတိုင်းဒေသကြီးဦးစီးမှူး ဒေါ်ရီလင်းထွဋ်က ဝန်ထမ်းများအား  မျောက်ကျောက်ရောဂါနှင့်ပတ်သက်၍ ရှင်းလင်းဆွေးနွေးခဲ့ရာ မျောက်ကျောက်ရောဂါသည် ဗိုင်းရပ်စ်ပိုးကြောင့်ဖြစ်ပွားသည့် ကူးစက်ရောဂါတစ်မျိုးဖြစ်ကြောင်း၊ မျောက်မှလူသို့ ကူးစက်မှုကို စတင်တွေ့ ရှိခဲ့ကြောင်းနှင့် မျောက်ကျောက်ရောဂါဖြစ်ပွားမှုရောဂါကူးစက်နည်းလမ်းများ၊ ရောဂါကူးစက်ခံရနိုင် ဘွယ်အခွင့်အလမ်းများသူများ၊ မျောက်ကျောက်ရောဂါဖြစ်ပွားခြင်းမှ ကာကွယ်နိုင်သောနည်းလမ်းများ၊ မျောက်ကျောက်ရောဂါလက္ခဏာများ၊ မျောက်ကျောက်ရောဂါကြောင့် သေဆုံးနိုင်မှုနှင့် ရောဂါကုသခြင်းအကြောင်းများ၊ ရောဂါကာကွယ်ထိန်းချုပ်ရေးနှင့် ကုသရေးလုပ်ငန်းစဉ်များအကြောင်းကို ရှင်းလင်းဆွေးနွေးခဲ့ပါသည်။

         ဆက်လက်၍ စစ်ကိုင်းတိုင်းဒေသကြီးမှ မျောက်ကျောက်ရောဂါကာကွယ်ထိန်းချုပ်ရေးနှင့် ကုသရေးဆောင်ရွက်ထားရှိမှုမှာ   ဒေသအာဏာပိုင်များနှင့် ဌာနဆိုင်ရာများအား အသိပေးဆွေးနွေးခြင်း၊  ပြည်သူလူထုအတွင်း ရောဂါကာကွယ်ရေးနည်းလမ်းများအး ကျန်းမာရေးအသိပညာပေးခြင်း၊ ရောဂါစောင့်ကြပ်ကြည့်ရှု့ခြင်း (အပြည်ပြည်ဆိုင်ရာလေဆိပ်၊ ဆိပ်ကမ်းနှင့်နယ်စပ်ဝင်/ ထွက်ပေါက်များ)နှင့် တုံ့ပြန်ဆောင်ရွက်ခြင်းတို့ကိုမြှင့်တင်လုပ်ဆောင်ခြင်း၊ ဝန်ကြီးဌာနများနှင့်ပူးပေါင်းဆောင်ရွက်ခြင်း၊ ဆေးရုံဆေးခန်းများတွင် သီးခြားလူနာဆောင်များ ပြင်ဆင်ထားရှိခြင်းနှင့် ရောဂါပိုးထိန်းချုပ်ရေးလုပ်ငန်းရပ်များကို စနစ်တကျလိုက်နာဆောင်ရွက်ခြင်း၊ လိုအပ်သောဆေးနှင့် ရောဂါကာကွယ်ရေးပစ္စည်းများစုဆောင်းပြင်ဆင်ထားရှိခြင်း၊ မိတ်ဖက်အဖွဲ့အစည်း/ လူမူရေးအသင်းများနှင် စည်းရုံးပူးပေါင်းဆောင်ရွက်ခြင်း၊ အချိန်နှင့်တပြေးညီ သတင်းပေးပို့ခြင်း၊ ရောဂါကာကွယ်ရေးနှင့် ကုသရေးလုပ်ငန်းများကို အဆင့်ဆင့်ကြီးကြပ်ခြင်းဆောင်ရွက်ထားလျက်ရှိကြောင်းသိရှိရပါသည်။

DOCA(စစ်ကိုင်း)