![](http://www.doca.gov.mm/sites/default/files/styles/consumer_inner_image__847x424_/public/ဥ_0.jpg?itok=SOnqO8Bk)
မော်လမြိုင်မြို့ ဈေးကွက်အတွင်း၌ စက်တင်ဘာလ (တတိယပတ်)တွင် ကြက်ဥဘဲဥ ဈေးနှုန်းမြင့်တက်လာသည်။ ယခင် (ဩဂုတ်လ)တွင် ကြက်ဥတစ်လုံး ၃၂၀ ကျပ်၊ ဘဲဥတစ်လုံး ၄၅၀ ကျပ်ဖြစ်ခဲ့ရာမှ ယခုလ စက်တင်ဘာလ(တတိယပတ်)တွင် ကြက်ဥတစ်လုံး ၃၅၀ကျပ်၊ ဘဲဥတစ်လုံး ၅၂၀ကျပ် ဖြစ်ပေါ်နေသည်။ ထို့ကြောင့် မော်လမြိုင်ဒေသ၏ ကြက်ဥဘဲဥဈေးနှုန်းမှာ တစ်လုံးဈေးနှုန်းအရ ကြက်ဥ ၃၀ ကျပ်နှင့် ဘဲဥ ၇၀ ကျပ်၊ ဈေးနှုန်းမြင့်တက်မှုရှိကြောင်း ကြက်ဥဘဲဥအရောင်းဆိုင်များမှ သိရှိရပါသည်။
ကြက်ဥဘဲဥစားသုံးခြင်းဖြင့် ပရိုတိန်းဓာတ်၊ အမိုင်နိုအက်ဆစ်ဓာတ်နှင့် အာဟာရဓာတ်များစွာ ရရှိနိုင်သည်။
DOCA(မွန်)