![](http://www.doca.gov.mm/sites/default/files/styles/consumer_inner_image__847x424_/public/၁၃၆_7.jpg?itok=chb09c2M)
ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်ရှိ ဆန်ဆိုင်များအား စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းတို့သည် ၂၀၂၄ခုနှစ်၊ စက်တင်ဘာလ (၉) ရက်နေ့၊ နံနက် (၁၀:၀၀) နာရီအချိန်တွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ စည်ပင်သာယာရေးအဖွဲ့တို့နှင့်ပူးပေါင်း၍ ဒေးဒရဲမြို့နယ်ရှိ ဆန်ဆိုင်များအား ဈေးနှုန်းမြှင့်တင်ရောင်းချခြင်းရှိ/မရှိတို့ကို ကွင်းဆင်းစစ်ဆေးခဲ့ကြပါသည်။
ထိုသို့စစ်ဆေးဆောင်ရွက်ရာတွင် မြို့နယ်တာဝန်ခံ ဦးသိန်းမောင်က ဆန်သိုလှောင်ထားသော ဂိုဒေါင်ကြီးများနှင့် ဆန်ဆိုင်ကြီးများ၌ ဆန်အမျိုးအစားအလိုက် ရောင်းချနေသောဈေးနှုန်းနှင့် ဈေးနှုန်းမြှင့်တင်ရောင်းချြခင်းရှိ/မရှိစစ်ဆေးခြင်း၊ ဈေးနှုန်းမြှင့်တင်ရောင်းချရန်အလို့ငှာ ဆန်များသိုလှောင်ထားခြင်းရှိ/မရှိတို့ကိုစစ်ဆေးခဲ့ကြောင်းသိရှိရပါသည်။
DOCA(ဧရာဝတီ)