စီးပွားရေးလုပ်ငန်းများဆောင်ရွက်ရာတွင် လွယ်ကူချောမွေ့စေရန်အတွက် အိန္ဒိယ-ယူအေအီး Virtual ကုန်သွယ်မှုစင်္ကြန်ကိုစတင်

Powered by Drupal

       အဘူဒါဘီ အိမ်ရှေ့မင်းသား Sheikh Khaled Bin Mohamed Bin Zayed AI Nahyan သည် အိန္ဒိယနိုင်ငံသို့ တရားဝင်အလည်အပတ်ရောက်ရှိလာကာ မွန်ဘိုင်းတွင် အင်္ဂါနေ့က ကျင်းပသည့် စီးပွားရေးအခမ်းအနားသို့တက်ရောက်ခဲ့သည်။ ထိုသို့တက်ရောက်တွေ့ဆုံစဉ် နှစ်နိုင်ငံအကြားကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုများမြှင့်တင်ရန်ရည်ရွယ်သည့် အရေးကြီးသော သဘောတူညီချက်နှစ်ခုကို လက်မှတ်ရေးထိုးခဲ့ကြောင်းသိရသည်။

          ပထမသဘောတူညီချက်သည် ကုန်သွယ်မှုလွယ်ကူချောမွေ့စေပြီး စီမံခန့်ခွဲရေးလုပ်ငန်းစဉ်များထောက်ပံ့ပို့ဆောင်ရေးနှင့် သယ်ယူပို့ဆောင်ရေးစရိတ်စကများကိုလျှော့ချပေးသည့် India-UAE Virtual Trade Corridor (VTC) နှင့် MAITRI Interface ကို စတင်ရန်ဖြစ်သည်။ ဒုတိယသဘောတူညီချက်မှာ နိုင်ငံတကာအရင်းအမြစ်များကိုင်ဆောင်ခြင်း RSC LTD နှင့် တတိယနိုင်ငံများတွင် အရေးပါသော ဓာတ်သတ္တုထောက်ပံ့ရေးကွင်းဆက်ရှာဖွေရေး၌ ကမ္ဘာလုံးဆိုင်ရာပူးပေါင်းဆောင်ရွက်မှုအတွက် အိန္ဒိယကုမ္ပဏီများ၏ ပူးပေါင်းဆောင်ရွက်မှု နားလည်မှုစာချွန်လွှာ (MOU) ဖြစ်သည်။ အိန္ဒိယ-အရှေ့အလယ်ပိုင်း-ဥရောပစီးပွားရေးစင်္ကြန် (IMMEC) ဆိုင်ရာ မူဘောင်သဘောတူညီချက်အရ အိန္ဒိယ-ယူအေအီးအကြား VTC ကို လွယ်ကူချောမွေ့စေရေးအတွက် VTC နှင့် MAITRI ကြားခံလုပ်ငန်းကိုစတင်ခြင်းဖြစ်သည်ဟု တရားဝင်ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။ Virtual Trade Corridor (VTC) သည် IMEEC ၏ အရေးကြီးသော အစိတ်အပိုင်းတစ်ခုဖြစ်လာမည်ဖြစ်သည်။ VTC ၏ အကျိုးကျေးဇူးများတွင် စီမံခန့်ခွဲရေးလုပ်ငန်းစဉ်များနှင့် အချိန်များကိုလျှော့ချခြင်း၊ ထောက်ပံ့ပို့ဆောင်ရေးနှင့် သယ်ယူပို့ဆောင်ရေးစရိတ်စကများလျှော့ချခြင်းနှင့် လုပ်ငန်းဆောင်ရွက်ရာတွင် လွယ်ကူစေခြင်းတို့ပါဝင်သည်။ IMEEC သည် လာမည့်ဆယ်စုနှစ်များအတွင်း ကမ္ဘာလုံးဆိုင်ရာ ဆက်သွယ်မှုများကိုသတ်မှတ်ပေးမည့် ရည်မှန်းချက်ကြီးသော အခြေခံအဆောက်အအုံစီမံကိန်းဖြစ်သည်။ တရားဝင်ထုတ်ပြန်ချက်အရ အိန္ဒယ-ယူအေအီး ကုန်သွယ်မှုသည် ၂၀၂၃-၂၀၂၄ ခုနှစ်တွင် ကန်‌ဒေါ်လာ ၈၄ဘီလီယံအထိရောက်ရှိခဲ့ပြီး UAE သည် တရုတ်နှင့် အမေရိကန်ပြီးလျှင် အိန္ဒိယ၏ တတိယအကြီးဆုံး ကုန်သွယ်ဖက်နိုင်ငံဖြစ်လာခဲ့သည်။ ထို့ပြင် ယူအေအီးသည် ၂၀၂၃-၂၀၂၄ ခုနှစ်အတွက် ဒေါ်လာ ၃၆ဘီလီယံနီးပါးရှိသော အိန္ဒိယ (အမေရိကန်ပြီးလျှင်) ဒုတိယအကြီးဆုံးပို့ကုန်နိုင်ငံဖြစ်သည်။

        ၂၀၀၀-၂၀၂၃ ခုနှစ်အတွင်း အိန္ဒိယနိုင်ငံတွင် ယူအေအီး၏ ရင်းနှီးမြှုပ်နှံမှုသည် ဒေါ်လာ ၂၀-၂၁ ဘီလီယံခန့်ရှိမည်ဟုခန့်မှန်းရပြီး ကျန်သည့် အစုစု၏ရင်းနှီးမြှုပ်နှံမှုမှာ ဒေါ်လာ ၁၈.၅ဘီလီယံဖြစ်သည်။ ၂၀၂၃-၂၀၂၄ ခုနှစ်တွင် ယူအေအီးသည် အိန္ဒိယနိုင်ငံ၏ ၆ခုမြောက် အကြီးမားဆုံး FDI ရင်းနှီးမြှုပ်နှံသူဖြစ်သည်။ ထို့ပြင် ယူအေအီးသည် အိန္ဒိယ၏ အခြေခံအဆောက်အအုံကဏ္ဍတွင် အချိန်အတိုင်းအတာတစ်ခုအထိ ဒေါ်လာ ၇၅ဘီလီယံရင်းနှီးမြှုပ်နှံရန် ကတိပြုထားကြောင်းသိရသည်။

Source : timesofindia

DOCA(ရန်ကုန်)